part -3

480 12 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~
အပိုင်း-3

ခြံထဲတွင် ပန်းပင်လေးတွေ အတော်များများပင်ရှိသည်။
အရိပ်ကောင်းသော အပင်ကြီးတွေလည်း ရှိသည်။
ခေတ် နှစ်သက်မိသည်မှာ အမှန်ပင်။
ခေတ် အိမ်ထဲ မထိုင်တော့ဘဲ ခြံနောက်ဘက်သို့ လျှောက်ကြည့်လိုက်တော့ ပုဆိုးခါးတောင်းကျိုက်ဖြင့် ဆံပင်ကို နောက်တည့်တည့် တွင် ထုံးထားပြီး တစ်ရပ်လောက်ရှိသော ပိတောက်ပင်‌ တွေကြားထဲ
မြေဆွ နေသော လူကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။
ပုဆိုး ခါးတောင်းကျိုက်ထားသောကြောင့် ပေါင်ကြောများက ထိုးထိုးထောင်ထောင်ဖြင့် ရင်ဖိုစရာပင် ။
.....ဟူး ငါဘာဖြစ်တာလည်း သူက ဒီအိမ်ရဲ့အလုပ်သမားလားမသိဘူး
ရင်ဖိုစရာဘာအကြောင်းမှ မရှိဘူး.......
အနားသို့ လျှောက်သွားလိုက်ကာ ...ခါးလေးကိုင်းကာ လက်နောက်သို့ပစ်ထားလိုက်သည်။

*ဦးလေးကြီး*

စူးလျှသော အသံလေးဖြင့် ခေါ်ခံလိုက်ရသော နာမ်စားကြောင့်
ခွန်း မျက်ခုံးတို့ပင် တွန့်ကွေးကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။

*ဘာလည်း
ဟားး စူပါမားကတ်က ကောင်လေး မင်းမင်း *
*ဟင် ခများကြီး က ဟိုဘုကလန့်တေချည်းပြောတဲ့လူ*
*ဘာ*

ခွန်း ငယ်သံပါအောင်ပင် အော်ပင်လိုက်သည်။ ဒီကောင်လေးက ဘာလည်း ပြောရဲဆိုရဲ ရက်ကွက်ကလာတာလား လူကို မတူသလို မတန်သလို ကကြည့်သေး စိတ်ပျက်စရာဘဲ ရှုပ်ရှုပ်ရှက်ရှက်။

*ငါ့အိမ်ဝိုင်းထဲ မင်းဘာလာလုပ်တာလည်း မိန်းမလိုမိန်းမရနဲ့
သွား ငါ့အိမ်က ထွက်သွား *
*ဒီမာ ဦးလေးကြီး အားနေလို့ လာတယ်များထင်နေလား
ဟွန့် ဦးလေးကြီးက ရော အတူတူဘဲလေ လူကြီးဖြစ်ပြီး
ကလေးကို လိုက်တုပြီး ပြောနေတာ *
*အောင်မာ မလောက်လေးမလောက်စားကများ ငါခါက်လိုက်ရ *
*အီး မေမေရေ ဒီမာ ဘယ်က ဦးလေးကြီးမှန်းမသိဘူး
သားကို အနိုင်ကျင့်နေတယ် *

.. ခစ်ခစ် ဘယ်ရမလည်း ဦးအောင်တိုင်လိုက်ရမှ ခေတ်တို့ကကျေနပ်တာ ဟွန့်...
လှမ်းတိုင်ပြီး သွားဖြဲကြီး လုပ်နေသော ထိုကောင်လေးကို ခွန်းကြည့်ကာ ဒေါသတွေ တလိတ်လိတ် ပင် တတ်လာရသည်။ လက်ရွယ်လိုက်ပေမယ့်
မေမေ ရောက်လာလို့ ခေါင်းကုတ်သလိုလို ပြန်လုပ်လိုက်ရသည်။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now