part -2

576 14 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~~
အပိုင်း-2

*သားကြီးနဲ့ဘဲ သင့်တော်လို့ ပေါ့
သားငယ်က ‌ဒိလောက်ပွေရှုပ်နေတာ မိန်းမကောင်းလေး နစ်နာတာပေါ့ တော်*

တံခါးနောက်မှ ချောင်းနားထောင်နေသော ထက်ဦးခွန်း ရဲ့ ချစ်လှစွာသော
ညီငယ်လေး ခွန်းစက်ဝိုင် ငိုယိုကာ ထွက်လာလေသည်။

*အီးး....မေမေက သားကိုဆို အကောင်းကို မပြောဘူးဟွန့် *

အသက် 20  ရှိပြီဆိုပေမယ့် ကလေးတစ်ယောက်လို ဆိုးတုန်းချွဲတုန်းပင်။ အငယ်ဆုံးဆိုတဲ့ အတိုင်း အသုံးဖြုန်းကလည်း အတော်ကြီးသည်။
တစ်နေ့တစ်နေ့ ဆိုင်ကယ် တစ်စီး နဲ့ ‌လျှောက်လည်ရတာလည်း နေ့တိုင်းပင်။ကောင်မလေးတွေနဲ့ တရုန်းရုန်းပင် အမြင်ကပ်ချင်စရာကောင်းလှသည်။

*ဟီး မေမေ သားကို မုန့်ဖိုးပေး*
*ဟိုကောင် မင်းဟာကမလွန်လွန်းဘူးလား အသက်ဘဲ20ရှိနေပြီ  အလုပ်ကျတော့လည်းမလုပ် ခုချိန်ထိ လက်ဖြန့်တောင်းတုန်း
မန့ကလည်း ပေးတာဘဲ မဟုတ်ဘူးလား မင်းအသုံးကြမ်းလှချည်လား*
*မေမေ မပေးနဲ့ အဲ့ကောင်ကို ပေးလွန်းလို့ ပျက်စီးနေပြီ*
*အေးအေး သားကြီး*

ဘေးကကြည့်နေတဲ့ ခွန်းစက်ဝိုင်ကတော့ မျက်နာကို မဲ့ရှုံ့ကာ မျက်စောင်းထိုးပြီး အတိုင်ပေါက်ညီနေသော သားမိကို ကြည့်ကာ
တဟွန့်ဟွန့် နှင့် လုပ်ပြနေလေသည်။
အသက် 20 ဆေးကျောင်းတတ်ရန် စီစဉ်ထားသော်လည်း ခုထိ မတတ်သေးပေ။ ဆံပင် ကို အမြဲတန်း နောက်လှန်ဖြီးထားကာ သပ်သပ်ရပ်ရပ် ဝတ်တတ်စားတတ်သည်။လူကြီး ပေါက်စလေးလိုပင်။ ကိုယ်တိုင်ကလည်း ပွေရှုပ်သလို ကောင်မလေးတွေကလည်း သူမှ သူပင် ဖြစ်နေကြသည်။

*ဟွန့် မပေးရင် နေပေါ့ သွားတော့မယ် မမကမှ အလိုလိုက်သေးတယ် *

ကျန်ခဲ့တဲ့ သားမိကတော့ အချင်းချင်း ကြည့်ပြီးသာ ရယ်နေကြတော့သည်။

*ဒါနဲ့ သားလေး နောက်တ‌စ်ပါတ် ရန်ကုန်က ကလေးမ လာမှာနော်
သားဘဲ စောင့်ရှောက်ရမယ် သားရဲ့ လက်တွဲဖော်မို့ သေချာလေ့လာပေါ့ *
*ဟာဗျာ မေမေတို့ကလည်း ဘာမန်းကိုမသိဘူး *

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now