2. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

4.4K 261 95
                                    

[ A/N - i add just a piece of adult contents. so be sure you would like to read this or not.]


"ဖူး...."

မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေက ဆိုးလ်မြို့ရဲ့ညဘက်လေထုထဲကို ပျံသန်းသွားကြသည်မှာ လွတ်လွတ်လပ်လပ်ပင်။ သူမှုတ်ထုတ်လိုက်မှန်း မသိလို့ထင်ပါရဲ့ ဆေးလိပ်ငွေ့တွေတောင် လွတ်မြောက်ကုန်ကြပြီ။

"ကျစ်!"

အလိုမကျတဲ့အသံတစ်ခုလုပ်လိုက်တော့ သူ့ဘေးနားရပ်နေတဲ့ လူသားက "ဘာဖြစ်လို့လဲ"တဲ့။ သူကိုယ်တိုင်တောင် ဘာဖြစ်နေမှန်းမဆုံးဖြတ်တတ်တဲ့ဟာ ဒီလူသားကို ဘယ်လိုအဖြေမျိုး ပြန်ပေးရပါ့။

"အိမ်ပြန်တော့မလား ငါလိုက်ပို့ပေးမယ်"

"No..... I literally don't wanna go back there"

"အာ့ဆိုလည်း ဒီမှာခဏနေခဲ့အုံး ငါ ခံတွင်းချဥ်လာလို့ ဝီစကီတစ်ခွက်လောက် သွားသောက်မလို့"

"ခံတွင်းချဥ်ရင် ဆေးလိပ်သောက်လေ ရော့"

သူသောက်ပြီးသား လက်ထဲက ဆေးလိပ်ကို ထိုးပေးတော့ မယူ။ အမလေး တစ်မိုးအောက်နှင်းဆီပွင့်လေး ရစ်ခီရှန်သောက်ထားတာကို လာရွံပြနေသည်။ မ​ေသာက် နေပေါ့ ထပ်ပြီးနှစ်ခါမြောက်တော့ မတိုက်ချင်။

ထွက်သွားတဲ့လူက သူနှုတ်ခမ်းရှုံ့သွားတာကို အကဲခတ်မိတဲ့ပုံပဲ။ တဟားဟားရယ်ပြီး ကလပ်ထဲကိုဝင်သွားသည်။ ဘေးလမ်းကြားမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့ သူကတော့ ဆေးလိပ်လေးတစ်လိပ်ကို ခဲထားလျက်။

လေထုက ညှဥ့်နက်လာတာနဲ့အမျှ ေအးလာတဲ့ပုံပေါ်သည်။ လက်ပြတ်ခါးတိုတစ်ထည်ကို panky styleဝတ်လာတာမို့ ချမ်းလှသည်။ ပဲများချင်တဲ့လူဖြစ်တာမို့ ဒီလောက်ချမ်းနေတာတောင် ရစ်ခီရှန်က သူ့လက်မောင်းတွေကို နွေးသွားအောင် မပွတ်သပ်နေမိဘူး။

"ပြန်ကြစို့ လာ!"

ကလပ်ထဲ ဝင်သွားတာမှ သိပ်မကြာသေးတဲ့ ထိုလူသားက အခုတော့ ပြန်ကြမည်ဆို၏။ ရစ်ခီက ခေါင်းကိုအတင်းရမ်းပြပြီး မပြန်ချင်ဘူးလို့ ခပ်ပြတ်ပြတ်ပြောလိုက်တော့ ထိုလူက စိတ်ရှုပ်သွားတဲ့ပုံ။ နောက်ပြီး တစ်ခုခုကိုလေးလေးနက်နက် စဥ်းစားနေတဲ့ပုံ။

To All the boys Ricky've loved beforeTahanan ng mga kuwento. Tumuklas ngayon