11. 𝐲𝐮𝐣𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

2.5K 222 86
                                    

[ 𝙰𝙽 :
past conversation > bold letters ]

"ဟယ်လို... လူကြီးမင်း ဘာအရသာသုံးဆောင်မလဲဗျ"

"စတော်ဘယ်ရီပဲ ပေးပါ"

ကစားကွင်းထဲက ရေခဲမုန့်ဆိုင်လေးမှာ ဆိုင်ရှင့်အမေးကို ခပ်မြန်မြန်ဖြေပြီး ပတ်ဝန်းကျင်ကို ငေးကြည့်မိတယ်။ ဒီနေ့က စနေနေ့။ မှတ်မှတ်ရရပြောရရင် သူနဲ့ယူဂျင်း ဒီကိုလာခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့။

ဆိုင်ရှင်က အဖော်ပါလာတဲ့ သူငယ်ချင်းကိုလည်း ဘာစားမလဲလှမ်းမေးနေသေးတာမို့ သူငယ်ချင်းက ဗာနီလာအရသာကို ယူလိုက်တာတွေ့ရတယ်။ ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာရှိနေတဲ့အထဲ ယူဂျင်းနဲ့အကြိုက်တူတဲ့လူတွေလည်း ရှိသေးပါလားဟု တွေးမိသွားသေးသည်။

"ဘာကစားကြမလဲ ဒီအသက်အရွယ်ကြီးကျမှ ကစားကွင်းလာရတာ မင်းမရှက်ပေမယ့် ငါတော့ရှက်တယ်"

ဆွန်းဂွန်းစကားက မှားတော့လည်းမမှားပေ။ အခု သူ့အသက်က 27နှစ်ထဲကို ဝင်လာနေပြီ။ 27နှစ်အရွယ် ဘယ်လူကြီးကများ စနေနေ့လို ပိတ်ရက်မျိုးမှာ ကစားကွင်းလာပြီးပျော်ပါးနေတတ်လို့လဲ ဒါဟာ မေးခွန်းထုတ်ချင်စရာဆိုပေမယ့် မေးလာခဲ့ရင်အဖြေဟာ အသင့်ပါပဲ။ ယူဂျင်းကြောင့်.... ဟန်ယူဂျင်းကြောင့်ပေါ့ဆိုတဲ့ သူ့အဖြေဟာ အမြဲတမ်းအဆင်သင့်ဖြစ်နေမှာ။

"ရိုလာကိုစတာက အရင်စရအောင်"

"မလုပ်စမ်းပါနဲ့ မင်းအမြင့်ကြောက်တတ်တယ်မဟုတ်ဘူးလား ရစ်ခီ"

"အမြင့်ထက်ပိုကြောက်တဲ့အရာတွေတောင် ငါ့မှာ ရှိနေသေးတာပဲ သွားရအောင် လာစမ်းပါ"

ကျယ်ဝန်းလှတဲ့ကစားကွင်းကြီးထဲ ရိုလာကိုစတာရှိတဲ့ ဧရိယာဘက်ကိုဝင်လာတာနဲ့ ရင်ဘတ်တွေဟာချက်ချင်းလက်ငင်း တုန်ရီလာရတယ်။ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး မလှမ်းမကမ်းက ေရွ့လျားနေတဲ့ ရိုလာကိုစတာကြီးကိုလည်း လှမ်းငေးမိ၏။ ဘာမှအထွေအထူးမရှိပေမယ့်လည်း ရင်တွေတုန်ကာ နားထဲကြားယောင်လာမိတဲ့စကားတွေဟာ အဆက်မပြတ်။

To All the boys Ricky've loved beforeWhere stories live. Discover now