13. 𝐲𝐮𝐣𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

2.5K 194 111
                                    

[ 𝙰/𝙽 -
ʸᵘʲⁱⁿ ᶜᵃⁿ ˢᵖᵉᵃᵏ ᶜʰⁱⁿᵉˢᵉ• ᵒᵒᶜ
ⁱᵈᵒˡ ᵃᵘ• ˢᵉᶜʳᵉᵗ ᵈᵃᵗⁱⁿᵍ• ʸᵘʳⁱ ]

"ဒီနေ့ရိုက်ကူးရေးမှာတော့ ကျွန်တော်တို့အားလုံး အဖွဲ့ခွဲပြီး ဂိမ်းကစားကြမှာဖြစ်ပါတယ် အားလုံးပဲ လက်ခုပ်!!!!!"

အဖွဲ့ခေါင်းဆောင် ဆောင်းဟန်ဘင်း၏ အဖွင့်စကားကြောင့် သူတို့အားလုံးဟာ လက်ခုပ်တီးကြရသည်။ ရောင်စုံစက္ကူလေးတွေထည့်ထားတဲ့ ဝါးခွက်ထဲကနေ တစ်ယောက်တစ်ခုဆီနှိုက်ကာ ဇာတ်ညွှန်းမှာပြောထားသလို အသင်းဖွဲ့ကြရသည်။

"အဖွဲ့(1)က ဘယ်သူရှိလဲ"

"ငါ"

အရင်ဦးဆုံး မဲလိပ်ကိုဖွင့်ဖတ်ကာ မေးခွန်းထုတ်လိုက်သူက ကင်မ်ဂယူဘင်း။ ငါဟု လက်ထောင်ကာ ပြန်ဖြေသူဟာ ရစ်ခီ။

"ထပ်ပြီး မင်းပဲလား ဘယ်ဘဝက ရေစက်လဲကွာ"

"ငါလည်း မင်းနဲ့တစ်သင်းတည်းမကျချင်ပါဘူး"

"ဒါဆို ဂယူဘင်းဟျောင်း ကျွန်တော်နဲ့လဲမလားဟင် ကျွန်တော်က အဖွဲ့(3)ရထားတာ"

လိမ္မာလွန်းသည့် ကောင်ငယ်လေးဟန်ယူဂျင်းဟာ သူတို့ရန်ဖြစ်မှာကို မလိုလားသည့်ဟန်နှင့် မေးလာသည်ထင်၏။ ကင်မ်ဂယူဗင်း သူ့ချစ်ရတဲ့ညီလေးဆီက မေတ္တာဓာတ်တွေကို အသေအချာကြီးခံစားလိုက်ရသည်။ ခေါင်းခါရမ်းလိုက်ကာ ဟန်ယူဂျင်းကို အတောက်ပဆုံးပြန်ပြုံးပြရင်း

"ရတယ် ယူဂျင်းနီး... ဟျောင်း သူနဲ့ပဲ တစ်သင်းတည်းနေလိုက်မယ်"

"အာ ဒါဆိုလည်းပြီးတာပါပဲ"

ဟန်ယူဂျင်း မျက်နှာရှုံ့မဲ့သွားတာကို ဂယူဘင်း မျက်လုံးထောင့်စွန်းက ခံစားလိုက်ရတာမို့ ရစ်ခီ့ဘေးနား တိုးကပ်ကာ နှစ်ယောက်တည်းကြားနိုင်တဲ့ စကားမျိုးနဲ့ စတွတ်ထိုးမိသည်။

"ရစ်ခီ... ယူဂျင်းသနားပါတယ် ငါနဲ့တစ်ဖွဲ့တည်းနေချင်ရှာတာ မနေရလို့ မျက်နှာလေးညှိုးသွားတယ်"

"သူ မင်းနဲ့မနေချင်ပါဘူး ဘဝင်ရူးတာလေး လျှော့"

"မင်းက ငါ့ကိုမနာလိုလို့ တိုက်ခိုက်နေတာ ရစ်ခီ!"


To All the boys Ricky've loved beforeWhere stories live. Discover now