18. 𝐲𝐮𝐣𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

994 144 106
                                    

Song : Confess by Pu Suu


ᵈᵉˡⁱᵛᵉʳʸ ᵐᵃⁿ ʰᵃⁿʸᵘʲⁱⁿ • ᵈᵒᶜᵗᵒʳ ʳⁱᶜᵏʸ
ʷᵃʳᵐ ʷᵒʳᵈˢ- ᶠᵉᵉˡⁱⁿᵍˢ ʳᵉᵃˡⁱᶻᵃᵗⁱᵒⁿ

"အားယိုးယိုး! နာလိုက်တာဗျာ ကျွန်တော့်အရိုးတွေ ကျိုးသွားပြီလားတောင် မသိဘူး"

လမ်းမပေါ်မှာ ပစ်လဲကျသွားတဲ့ ကောင်ငယ်လေးကြောင့် ရစ်ခီ ကားပေါ်က အမြန်ဆင်းပြီး ယာဥ်တိုက်မှုဖြစ်သွားတဲ့နေရာကို တစ်ချက်စမ်းစစ်လိုက်တယ်။ ကောင်လေးက bikerလေး။ မော်ဒယ်မြင့်စက်ဘီးလေးနဲ့ food deliveryလိုက်ပို့တဲ့ ခပ်ငယ်ငယ်ကောင်လေး။

"သူ အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ"

ယာဥ်မောင်းနေရာက သူငယ်ချင်းက ကားပေါ်ကနေ ဆင်းလာပြီး သူ့ကိုမေးတဲ့အခါ ရစ်ခီက လဲကျနေတဲ့ကောင်လေးခြေထောက်ကို အသာထိကိုင်ပြီး စစ်ဆေးကြည့်လိုက်တယ်။ သူထိတာနဲ့ကို နာတယ်၊နာတယ်ဟု အားကြီးအော်ကွဲနေတဲ့ကောင်လေးက တကယ်နာနေတာမျိုးမဟုတ်မှန်း ရစ်ခီ သိပါ၏။

"ေခြချင်းဝတ် လည်သွားရုံလေးပဲ။ ဘာမှမဖြစ်ဘူး ဆေးရုံကို ခေါ်သွားလိုက်မယ် ငါနဲ့သူ့ကို ဆေးရုံမှာဝင်ချထားခဲ့လိုက်တော့ Brian"

"ဆေးရုံသွားစရာမလိုဘူး လျော်ကြေးပဲပေး! ကျွန်တော့်ကို ဝမ်ငါးသိန်းပေးရင် ရပြီ"

"ဘာပြောတယ်! ဘာလျော်ကြေးမှမပေးနိုင်ဘူး ဆေးအလကားကုပေးဆို ကုပေးမယ်"

"လျော်ကြေးပဲပေးလို့ ပြောနေတယ်လေဗျာ ခင်ဗျားတို့ကဘာဖြစ်ချင်နေတာလဲ လူတစ်ဖက်သားကိုလည်း ဝင်တိုက်သေးတယ်"

"ဒီမှာ ကောင်လေး မင်းလုပ်တဲ့အကွက်တွေက ရိုးနေပြီ"

ကားပေါ်ကို မလိုက်ချင်၊လိုက်ချင်တဲ့ကောင်လေးက မျက်မှောင်ကြီးကြုပ်ပြီး ခြေထောက်တွေထော့နဲ့ထော့နဲ့ဖြင့် တက်ချသွား၏။ လက်က သွေးကြောတွေပေါ်တဲ့အထိ လက်သီးကိုတင်းနေအောင်ဆုပ်ထားတာက သူ့သဘောကို မလိုက်နာဘဲ ကိုယ်တွေဆီကနေ အတင်းဆွဲခေါ်တာခံရလို့ ဒေါသထွက်နေတဲ့ပုံစံကို ပြချင်တာပဲ ဖြစ်မည်။

ဆေးရုံကို တရွေ့ရွေ့သွားနေတဲ့ ကားလေးပေါ် ipadကိုဖွင့်ပြီး ဒီနေ့ရက်ချိန်းလုပ်ထားတဲ့ လူနာတွေအတွက် အလုပ်အချိန်တွေပြန်ညှိနေရ၏။ ဘယ်ချောင်ကမှန်းမသိ ရောက်လာတဲ့ ချာတိတ်တစ်ယောက်ကြောင့် အသည်းအထူးကုဒေါက်တာလေး ရစ်ခီ၏ အချိန်ဇယားတွေက ကမောက်ကမ။

To All the boys Ricky've loved beforeWhere stories live. Discover now