19. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲

1.2K 129 190
                                    

𝘤𝘰𝘶𝘯𝘵𝘳𝘺𝘴𝘪𝘥𝘦က ရိုးရိုးအေးအေး အူတူတူ ရှန်ချွမ်းရွေ့လေး နဲ့ သူကြီးသားလေး ကင်မ်ဂယူဗင်းတို့ ရယ်မောကြည်နူးချင်စရာ ဖူးစာဆုံပုံလေးအကြောင်း တစေ့တစောင်း။

tractor trailer
(ထော်လာဂျီ)

tractor trailer(ထော်လာဂျီ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ငါတို့ရွာထဲကို ဟိုဘက်ရွာက ကောင်တွေဝင်လာပြန်ပြီတဲ့"

ကျေးလက်ဒေသ၏ ပျိုးပင်၊သီးပင်တို့ ဖံွ့ဖြိုးချိန်။ ဂွမ်ဂျူနယ်တစ်ဝိုက်တွင် ယမန်နှစ်များမှစပြီး အစိုးရအမိန့်ဖြင့် တိုးချဲ့ရွေ့ပြောင်းလာသော ဂျန်ဒုဘူရွာလေးသည် ရစ်ခီတို့ ဆွန်းဒုဘူရွာရဲ့မြောက်ဘက်သို့ ရောက်လာခဲ့၏။ ထိုရွာလေးကို ရစ်ခီတို့ရွာသားများက ကြည့်မရကြ။

လယ်မြေတစ်ဝိုက် နှမ်းရွက်တွေကို မှန်လုံစိုက်ပျိုးခြင်းနည်းပညာနှင့် ပျိုးခဲ့တာမို့ ဖံွ့ဖြိုးတော့မည့်အချိန်လည်း ဖြစ်သည်။ ပြီးခဲ့သောနှစ်မှစပြီး ရွာအလယ်မှာရှိတဲ့ ယန်မြစ်က ကျိုးအင်းပေါ်ပြီး ရေကြောတစ်ခုလုံး ဂျန်ဒုဘူရွာဘက်သို့ ရွေ့ပြောင်းသွား၏။ ဒါနဲ့ပက်သက်ပြီး လယ်ဆက်လုပ်ဖို့အတွက် ရစ်ခီတို့ဘိုးဘွားတွေ တော်တော်အကြပ်ရိုက်သွားကြရတယ်။

"သူတို့ထဲက လူကြီးသားဆိုတဲ့ကောင်လေ နာမည်က ဘာလဲ ကင်မ်ဘာဆိုလား သူက ပိုဆိုးတယ်ကွ။ ငါတို့ရွာက ကောင်မလေးတွေကို လာငမ်းနေတာ"

ရစ်ခီက ကန်စွန်းဥနှုတ်နေရင်း အဘိုးခြံထဲက အလုပ်သမားတွေပြောတာကို နားစွင့်နေမိတယ်။ သူကြားရသလောက်ကတော့ ဒီလူတွေ ဟိုဘက်ရွာအကြောင်းပြောလိုက်တိုင်း လူကြီးသားအကြောင်းက မပါမဖြစ်။

To All the boys Ricky've loved beforeWhere stories live. Discover now