10. 𝐠𝐲𝐮𝐯𝐢𝐧 × 𝐫𝐢𝐜𝐤𝐲 (𝐞𝐧𝐝)

2.4K 199 156
                                    

"အဲ့ဒါက ဘယ်လဲ"

"ကုမ္ပဏီကိုလေ...ခင်ဗျား ဘာမှာစရာရှိလို့လဲ"

"မရှိပါဘူး အိမ်မှာ ငါတစ်ယောက်တည်းဆိုတော့ ပျင်းလို့"

"ပျင်းရင် အပြင်ထွက်ပေါ့ ရှင်းရှင်းလေးပဲဟာကို"

လက်ထဲရှိ လိမ္မော်သီးနှင့် ထိုကောင်စုတ်လေးကို ကောက်ထုချင်စိတ်တို့က တဖွားဖွား။ ဟိုတလောက သူအပြင်ထွက်ပြီး လျှောက်လည်တုန်းကကြ နောက်ကလိုက်လာပြီး အိမ်ပြန်ခေါ်သွားပြီးတော့များ... ထိုalphaအစုတ်အပြတ်လေးက ဘယ်လိုအရှက်မျိုးနဲ့များ သူ့ကို "အပြင်ထွက်ပေါ့"ဆိုတဲ့စကားကို ပြောနိုင်ရတာလဲမသိ။

အိမ်ထဲကနေ ကားသော့လေးကို လက်ထဲဝှေ့ရမ်းပြီး ထွက်သွားတဲ့လူက hoodieတစ်ထည်၊ ဘောင်းဘီတိုတစ်ထည်ကို ဝတ်ထားသည့်လူ။ ဒီလိုဒီဇိုင်းနဲ့လား ကုမ္ပဏီကိုသွားပြီးဦးစီးအုံးမှာ... ချီးစားပြီးပြောတောင် မယုံဘူး။ အပျော်ရှာဖို့ လမ်းသလားနေတာကိုများ သူ့ကိုလာလိမ်သေးသည်။

"ဂျယ်ဂျင်း.... ကားပြင်ထားလိုက်အုံးနော် ဒီနေ့ မာဖိုဘက်ကို သွားစရာရှိတယ်"

အသက်ခပ်ငယ်ငယ် ကောင်လေးသည် ေခါင်းလေးငြိမ့်ကာ ကားကိုဖုန်သွားသုတ်ရှာ၏။ ကင်မ်ဂယူဗင်းတို့နဲ့များ alphaချင်းတူတာတောင် စိတ်ထားလေးက ကွာပါ့။ စိတ်ရင်းစိတ်ထားလေးက ကောင်းရှာပေမယ့် ကံတော့မကောင်းရှာတဲ့ ဂျယ်ဂျင်းက စကားမပြောတတ်တဲ့ ကောင်လေးတစ်ယောက်။

ရေမိုးချိုး၊ သေချာလေးဖြီးလိမ်းပြီးတာနဲ့ ဟိုတလောကမှ ဆက်သွယ်လာတဲ့ ဒါရိုက်တာဂျွန်ဆီကို ခရီးနှင်လာခဲ့လိုက်သည်။ အဓိကဇာတ်ဆောင်အဖြစ် ပထမဆုံးရိုက်ရမဲ့ ဇာတ်ကားကို ကမ်းလှမ်းလာခဲ့တာမို့ ရစ်ခီ့ရင်ထဲတွင် ပန်းလေး၊လိပ်ပြာလေးတွေက တဝှီဝှီ။

"TUИИEL" အမည်ရှိ၊ နာမည်ကြီးထုတ်ဝေရေးကုမ္ပဏီတစ်ခုရှေ့အရောက် ဂျယ်ဂျင်းကို ကားပေါ်ကပဲ စောင့်နေဖို့မှာပြီး ကုမ္ပဏီထဲသို့ ဝင်လာခဲ့လိုက်၏။ ကျယ်ဝန်းတဲ့ ကုမ္ပဏီကြီးထဲ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂျွန်နသန်ဆိုတဲ့လူကို နှစ်ခါရှာစရာပင် မလို။

To All the boys Ricky've loved beforeWhere stories live. Discover now