#1 Undeniable

1.3K 87 2
                                    

"hmmm...သာယာလိုက်တာ လောကကြီးက"

အညိုရောင် ခေါင်းလုံးလုံး ပိုင်ရှင် ကောင်လေးတစ်ယောက်၏ ချိုမြိန်သော တီးတိုးဆိုသံ...

တက္ကသိုလ်၀င်းအတွင်းမှ ရွက်ဝါပင်ကြီး၏ အောက်
နေရောင်ခြည်နုနု ယှက်ဖြာကျလို့နေသော ခုံတန်းလေးပေါ်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်.
သူက ကောင်းကင်ပြာကို ကြည့်ရင်း ပြုံးသည်။

ထို့နောက် မျက်လုံးအစုံကို မှိတ်ချကာ သဘာ၀တရားကြီးကို ခံစားလို့နေသည်။ တဖြည်းဖြည်းနှင့် ပို၍ ပီပြင်လာသော သူ့အပြုံးက ငေးမောချင်စရာ...

တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီကိုသာ ရိုးရိုးရှင်းရှင်း ၀တ်ဆင်လို့ထားသော ထိုကောင်လေး၏ အပြုံးကလည်း ရိုးရှင်းစွာနှင့်ပင် စွဲမက်ဖွယ်ကောင်းလွန်းနေသည်။

"ဟေ့ မက်သရူး"
ရုတ်တရက် ထွက်ပေါ်လာသော အသံနက်နက်ကြောင့် သဘာ၀တရားကို ခံစားလို့နေသော ကောင်ငယ်လေး အနည်းငယ် တုန်လို့သွားသည်။

"လန့်လိုက်တာ ရစ်ခီရာ"

ရစ်ခီ က သူ့မူပိုင် ခပ်မိုက်မိုက်အပြုံးကို ပန်ဆင်ကာ မက်သရူး ဘေးမှာ ၀င်ထိုင်ရင်း မက်သရူးကို ခနဲ့သည်။

"ဒါလည်း လန့်တာပဲလား အသည်းနုချက်က ကလေးကျနေတာပဲ"
"ဘာကွ ဒါနဲ့ ငါ့ကို ဟျောင်းလို့ ခေါ်ဖို့ ဘယ်နှခါပြောရမှာတုန်း နားမပါဘူးလား"
မျက်မှောင်လေး ကြုံ့ရင်း နှုတ်ခမ်းလေးကို စူကာ ထော်ကာ ရန်တွေ့နေပုံက အသည်းယားဖွယ်အတိ။

ရစ်ခီက နှုတ်ခမ်းထောင့်တစ်ဖက်ကို ကွေးညွတ် ပြုံးလိုက်ရင်း တစ်ကိုယ်တည်း ကြားရုံမျှ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ကလေးရုပ်နဲ့ လူကြီး လုပ်ချင်နေပြန်ပြီ"

"မကြားတကြားနဲ့ ဘာတွေ ပြောနေတာလဲ"

"ဘာမှ မဟုတ်ပါဘူး မြင်တာနဲ့ ရန်တွေ့နေလိုက်တာ ကျွန်တော်ပြောဖို့ဟာ လိုရင်းကို မရောက်တော့ဘူး"

"Sundayကျရင် ဂယူဗင်းတို့ basketball clubက နှစ်စမို့ နှုတ်ဆက်ပွဲလုပ်ကြမှာတဲ့ ကျွန်တော်တို့လည်း လိုက်ကို လိုက်ရမယ်တဲ့ လိုက်မှာမလား မလိုက်လို့ မရဘူးနော် မလိုက်ဘူးဆို ဂယူဗင်း စိတ်ဆိုး‌လိမ့်မယ်"

How To Make Campus Sweetheart To Be Your BoyfriendWhere stories live. Discover now