#6 Accident!

478 71 7
                                    

ထွက်ခွာသွားသော မက်သရူး၏ နောက်ကျောကို မျက်ခြေမပြတ် လိုက်ကြည့်နေသော ရစ်ခီ။
ဆိုင်အပြင် အတော်ခပ်လှမ်းလှမ်းကို ရောက်သည်အထိ မက်သရူးဆီမှ အကြည့်ခွာမသွားသော ရစ်ခီ့ရဲ့ မျက်၀န်းတွေဟာ နွမ်းနယ်လို့နေသည်။

သူ့ရှေ့မှ အေးစက်သွားသော လက်ကျန် အမေရိကာနို၏ အခါးဓာတ်က သူ့နှလုံးသားထဲမှ ခါးသီးမှုကို လိုက်မီနိုင်လိမ့်မည် မဟုတ်။

တွေဝေငေးမောနေစဉ်မှာပင် ဂယူဗင်းထံမှ ဖုန်း၀င်လာသည်။

"မက်သရူးဟျောင်းနဲ့ အဆင်ပြေသွားပြီလား"

"အင်း..."

"မင်းရော အဆင်ပြေရဲ့လား ရစ်ခီ"

"....."

ရစ်ခီထံမှ အဖြေပြန်မလာ...
အဝေးကို ငေးကြည့်နေသော ရစ်ခီ့ရဲ့ မျက်၀န်းတွေက တဖြည်းဖြည်းနှင့် ပြိုတော့မယ့် မိုးလို အရောင်ပြောင်းသွားသည်။

တစ်ဖက်က ဂယူဗင်းလည်း သိလိုက်ပါပြီ။ သေချာတာကတော့ သူ့သူငယ်ချင်းလေး ရစ်ခီ အဆင်ပြေမနေပါ။
---------------------------------------------
ရစ်ခီနဲ့ တွေ့ပြီး ပြန်လာသော ညနေ...

စားစရာ သရေစာ တစ်ခုခု၀ယ်ရန် ၀င်နေကျ လမ်းထိပ်ရှိ ၂၄နာရီ စတိုးထဲ ၀င်လိုက်သည်။

မုန့်သုံးလေးမျိုးလောက် ရွေးပြီးနောက် သောက်နေကျ ချောကလက်နွားနို့ ယူရန် ကြည့်လိုက်တော့ ကုန်နေတာမို့ စိတ်ပျက်လက်ပျက်နဲ့ ငွေရှင်းဖို့ ကောင်တာဆီ သွားလိုက်သည်။

"၀မ်(----) ကျပါတယ်ရှင့် ဒါနဲ့ ဒီက customerအတွက် လက်ဆောင်လေးပါနော်"

အရောင်းစာရေး ကောင်မလေးက ချောကလက်နွားနို့ဘူးလေးကို သူ့ထံ ကမ်းပေးသည်။

နဂိုက လက်ကျန် ဆယ်ဘူးကျော်ရှိသည်ကို မင်းသားချော,ချောသည့် ရုပ်ရည်နှင့် အမျိုးသားတစ်ယောက်က ဒီတစ်ဘူးကို ဒီပုံထဲက ကောင်လေးလာရင် ပေးပေးပါဆိုပြီး ကျန်တာ အကုန်လုံးကို ၀ယ်ယူသွားခြင်း ဖြစ်ကြောင်းကိုတော့ ရှေ့မှ ချစ်စဖွယ် ကောင်လေးကို ပြန် မပြောပြမိ။

"ဗျာ...ကျွန်တော့်အတွက်??"

"ဟုတ်ကဲ့ရှင့် ‌အရသာရှိရှိ သုံးဆောင်ပါ"

How To Make Campus Sweetheart To Be Your BoyfriendWhere stories live. Discover now