#5 About Last Night

527 77 2
                                    

စိတ်ရှုပ်စရာ စီနီယာကြောင့် ခြေလှမ်းခပ်သုတ်သုတ်နှင့် အမြန်လျှောက်လာခဲ့တာ ကျောင်းပေါက်၀နားရောက်ခါမှ ရစ်ခီ့ကို သတိရမိသွားသည်။

"သူက ငါ့အတန်းရှေ့မှာ လာစောင့်မယ် ပြောထားတာပဲ"

ရစ်ခီ့ထံ ဖုန်းဆက်ပြီး သူကျောင်းပေါက်၀ ရောက်နေပြီ ဖြစ်ကြောင်း ပြောမည်အပြု-
ရစ်ခီ့ဆီမှ ဖုန်းကောလ်က တိုက်တိုက်ဆိုင်ဆိုင် ၀င်လို့လာသည်။

"ဟယ်လို"

"ကျွန်တော် အခု ခင်ဗျား အတန်းရှေ့ကို ရောက်နေပြီ ခင်ဗျားက ဘယ်မှာလဲ"

"ဆောရီး ငါမေ့ပြီး ကျောင်းပေါက်၀ဘက် ထွက်လာမိတာ ဒီဘက် ထွက်လာခဲ့လိုက် ငါစောင့်နေတယ်"

ရစ်ခီ့အသံက အေးဆေးနေပုံပေါ်သည်။ ဒါဆို တော်ပါသေးရဲ့ ဒေါသထွက်လွယ်တဲ့ ဒီကောင်လေးကို မက်သရူးမှာ အနည်းငယ် လန့်နေရသည်။

ကင်မ်ဂယူဗင်း ကြောင့်သာ မဟုတ်လျှင် ထိုသို့ ဘောက်ဆတ်ဆတ်နိုင်သော ကောင်လေးနှင့် သူ ရင်းနှီးလာစရာ အကြောင်းရှိခဲ့မည် မဟုတ်။

ဂယူဗင်းနဲ့က ငယ်စဉ်ကတည်းက မိဘချင်း ရင်းနှီးမှုကြောင့် ဆော့ဖော်ဆော့ဖက် ညီအကိုအရင်းအချာ သဖွယ် ခင်မင်လာခဲ့သူဖြစ်သည်။ သို့သော် ရစ်ခီနဲ့ကတော့ ထိုသို့မဟုတ်။

အဆော့မက်လာသော အလယ်တန်း ဒုတိယနှစ်ကျောင်းသား  ဂယူဗင်းကို ဂိုက်သဘောမျိုး စာပြန်ပြပေးရန် ဂယူဗင်း မေမေက အကူအညီတောင်းတော့ (၂)နှစ် ပိုကြီးသော မက်သရူး‌က မတုံ့မဆိုင်း လက်ခံခဲ့သည်။

နောက်တော့ ဂယူဗင်းက စနေ တနင်္ဂနွေတိုင်းလိုလိုမှာ သူနဲ့ တူတူ စာလုပ်ဖို့ သူငယ်ချင်းတစ်ယောက်ကို အမြဲ ခေါ်လာတတ်သည်။ ဘယ်ဘက်နား,မှာ ငွေရောင် နားကွင်းတစ်ဖက်နှင့် ရစ်ခီရှန်ဟု အမည်ရသော ထိုကောင်လေးက ဂျစ်ကန်ကန် စရိုက်ရှိသည်။ ပြန်မပြော နားမထောင်...သို့သော် စိတ်ရင်းလေးကတော့ ကောင်းသည် ပြောရမည်။

အဲ့သည့်နောက်ပိုင်းမှာ အပြင်သွားသည့် အခါမျိုးဆို သူပါ လိုက်ပါလာတတ်ပြီး တက္ကသိုလ်လျှောက်တော့လည်း သုံးယောက်သားက တစ်နေရာတည်း သွားတူသည်။ ဒီလိုနဲ့ပဲ ဂယူဗင်း အပြင် နောက်ထပ် ညီလေးတစ်ယောက် အဆစ်ရခဲ့လေသည်။

How To Make Campus Sweetheart To Be Your BoyfriendWhere stories live. Discover now