#9 Use me! Choose me!

627 80 2
                                    

*kim_jiwoongg started following you*

တောင်ခနဲ တက်လာသော နိုတီ...
မက်သရူးက ပြန် follow ဖို့ စိတ်ကူးမရှိ။
ထိုအကောင့်ထဲလည်း ၀င်မကြည့်ဘဲ ဖုန်းကို စားပွဲပေါ် ပြန်မှောက်ပြီး ကိုယ့်စာကိုယ် ဆက်လုပ်နေလိုက်သည်။

တအောင့်အကြာမှာတော့ တတောင်တောင်နဲ့ စာတွေ အဆက်မပြတ် ၀င်လာတော့သည်။

💬
"ဟိုင်း ကိုယ်ပါ"
"ဘာလုပ်နေလဲ"
"အိပ်နေပြီလား"
"ဒါမှမဟုတ် စာလုပ်နေတာလား"
"ကိုယ့်စာတွေ ၀င်မဖတ်ဘဲ လျစ်လျူရှုထားတယ်ပေါ့?? "

မက်သရူးက ထိုစာတစ်ခုချင်းစီ ၀င်ဖတ်နေစဉ်မှာပင်

"Seenပြပြီး ကိုယ့်ကို စာမပြန်ဘူးပေါ့"
"ဒီလိုပဲ ရက်စက်တော့မှာလား"

ထိုသို့ တတောင်တောင်နှင့် စာပို့နိုင်လွန်းသော ကင်မ်ဂျီဝွန်းကို စ,လိုသော စိတ်‌ကလေး ပေါ်လာတာမို့ ဘာစာမှ မပြန်ဘဲ ဒီတိုင်း ထားထားလိုက်သည်။

ငါးမိနစ်လောက်အကြာမှာ ထပ်၍ စာတွေ၀င်လာပြန်သည်။

ဒီတစ်ခါတော့ ကင်မ်ဂျီဝွန်းထံမှ မဟုတ်။
ဂယူဗင်းဆီမှ ဖြစ်သည်။

💬
"ဟျောင်း စောနကလေ စီနီယာဂျီဝွန်းက ကျွန်တော့်ကို ဟျောင်းဖုန်းနံပါတ် လာမေးနေလို့ ပေးလိုက်ရတယ်"

"ဟီးဟီး စိတ်မဆိုးနဲ့နော်.."

"စီနီယာက လာတောင်းတာဆိုတော့ ကျွန်တော်လည်း ကြောက်လို့"

ငမွှေ‌ထိုးလေးကတော့ မွှေပြန်လေပြီ...
ဂယူဗင်းကို ဆူငေါက်ဖို့ စာပြန်မည်ရှိသေး..
၀င်လာပါပြီ နံပါတ်စိမ်းနှင့် ဖုန်းကောလ်!

"ဟယ်လို"

"ဟယ်လို မက်သရူးလား ကိုယ်ပါ ကင်မ်ဂျီဝွန်း"

"အာ... ဟုတ်ကဲ့"

"အိပ်နေပြီလား"

Seenပြပြီးကာမှ စာမပြန်ထားမိသော မက်သရူးက လိပ်ပြာမလုံတာမို့ အိပ်ချင်ယောင်ဆောင်ဖို့ ကြံသည်။

"ဟုတ်...ဝှါး ... ဟုတ်တယ် အိပ်နေတာ"

ဟန်ဆောင်နေမှန်း သိနေသူ ဂျီဝွန်းထံမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။

How To Make Campus Sweetheart To Be Your BoyfriendWhere stories live. Discover now