#11 regret!!

479 53 7
                                    

"ဟျောင်း.. ကြားပြီးပြီလား ရစ်ခီ့သတင်း"

"ဘာလဲ အလန့်တကြားနဲ့ ရစ်ခီ ဘာဖြစ်လို့လဲ"

"ရစ်ခီ ကောင်မလေး ရသွားပြီတဲ့"

"ဟင် ဟုတ်လား"

"ဒီကောင် ကျွန်တော့်ကိုတောင် ဘာမှ မတိုင်ပင်ဘူး ကောက်ခါငင်ကာကြီး ရည်းစားထားပလိုက်တာ"

"မင်းကို တိုင်ပင်စရာ ဘာလိုလို့တုန်း သူ့ဟာသူ ရည်းစားထားချင် ထားမှာပေါ့"

"ဒါနဲ့ ဟျောင်းက နည်းနည်းပါးပါးတောင် လန့်မသွားဘူးနော် ဟျောင်းက သိပြီးသားလား ကျွန်တော်ပဲ ခုမှ သိရတာလား မတရားဘူးနော် ဟျောင်း"

အာဗြဲလျှာဗြဲ ငိုတော့မလို အော်ဟစ်နေသော ဂယူဗင်းကိုကြည့်ပြီး မက်သရူး ရယ်ရုံသာ တတ်နိုင်တော့သည်။

တကယ်က ရစ်ခီ ရည်းစားထားနေတာကို သူကြိုသိနေနှင့်တာ မဟုတ်ဘဲ ကြို ခန့်မှန်းမိနေခြင်း သက်သက်သာ...

ထိုနေ့ညက လှည့်ထွက်သွားခဲ့သော ကျောပြင်ကျယ်ကို တွေ့ခွင့်မရှိသေးတာ အချိန် တစ်ပတ်တိတိပင် ရှိ‌နေလေပြီ။

(လွန်ခဲ့သော တစ်ပတ်က...)

"ဂယူဗင်းက ဘာပြောလဲ"

ဖုန်းပြောနေရာကနေ မက်သရူး၏ မျက်နှာ ညို့မှိုင်းကျသွားရခြင်း၏ အကြောင်းအရင်းကို သိချင်သော်ငြား ဂျီဝွန်းမှာ တည့်တိုးမမေးရဲ။

"သူတို့ လာခဲ့မယ်တဲ့ ခဏနေရင်"

"ဩ်ော ဟုတ်လား ကိုယ်က နည်းနည်းလောက် ထပ်နေချင်သေးတာကို.."

ရယ်သံသဲ့သဲ့နှင့် ကျီစားချင်နေသော ဂျီဝွန်းကို မက်သရူးက အားမပါလှသော မျက်စောင်းတစ်ချက်ထိုးပြီး နဂိုမူလ ထိုင်နေခဲ့သော စန္ဒယားခုံမှာ ပြန်၀င်ထိုင်လိုက်သည်။

"ကိုယ့်ကို သီချင်းတစ်ပုဒ်လောက် တီးပြလို့မရဘူးလား"

"နောက်မှပေါ့ ဒီနေ့တော့ တီးချင်စိတ်မရှိတော့ဘူး"

"ဒါဆို ကတိနော် နောက်ကျရင် ကိုယ့်ကို တီးပြရမယ်"

"ဟုတ်ကဲ့ပါ"

မှိုင်တွေနေသော မက်သရူးကို စိတ်ရှုပ်အောင် မလုပ်ချင်တာမို့ ဂျီဝွန်းလည်း ငြိမ်ငြိမ်လေးသာ မက်သရူးကို ငေးကြည့်နေမိသည်။

How To Make Campus Sweetheart To Be Your BoyfriendWhere stories live. Discover now