ဆရာတစ်ယောက်က နောက်ဆုံး Lecture ချိန်ကို ဖြတ်လိုက်တာမို့ မက်သရူးက သူ့ရဲ့ လျှို့၀ှက်နေရာလေးဖြစ်တဲ့ ဟောင်းနွမ်းနေသော ပီယာနိုကြီးတစ်ခုရှိသည့် စတိုခန်းလေးဆီကို သုတ်ခြေတင်လိုက်သည်။ပုံမှန်ဆို ကျောင်းသားတွေကို လေ့ကျင့်ဖို့ ပေးထားတဲ့ ပီယာနိုအခန်းမှာ ကျင့်ဖြစ်တာများပေမယ့် ခုတော့ ဆောင်းဟန်ဘင်းက ထိုအခန်းမှာ တပ်စွဲထားတာမို့ သူ့မှာ တတ်နိုင်သလောက် ထိုအခန်းဘက် ခြေဦးမလှည့်မိအောင် ကြိုးစားနေရသည်။
.
.၀င်၀င်ချင်းမှာပင် ရှူရှိုက်မိလိုက်သော ဖုန်အနံ့ကြောင့် လည်ချောင်းကို အနည်းငယ် ဟန့်လိုက်ရသည်။
မက်သရူးနှင့် လုံခြုံရေးဦးလေးကြီးမှ လွဲ၍ လူ,မလာတတ်သော သည်နေရာကို သူလည်း ဒီရက်ပိုင်း အာရုံတွေများနေတာနဲ့ မလာဖြစ်တာမို့ ဖုန်နံ့က အတော်လေး ပြင်းနေသည်...
ပင့်ကူအိမ်တွေ ဖွဲ့လို့နေသော ထိုအခန်းကြီးက အခြားသောသူတွေအတွက် အနည်းငယ် ခြောက်ခြားစရာ ကောင်းနိုင်ပေမယ့် သူ့အတွက်ကတော့ သည်နေရာက စိတ်ကိုအေးချမ်းစေသော အသိုက်အမြုံလေး တစ်ခုလိုပင် ဖြစ်နေလေပြီ။
တံခါးရွက်နောက်မှ အုတ်ခဲကျိုးတစ်ခုကို ငုံ့ယူလိုက်ပြီး တံခါးကို အဆုံးထိ ပိတ်မသွားအောင် အုတ်ခဲကျိုးခံကာ စိလိုက်သည်။
ပြီးနောက်မှာ~~
ပီယာနိုခုံကြီးပေါ်မှ ဖုန်မှုန့်တွေကို ဟူးခနဲ တစ်ချက်မှုတ်ထုတ်လိုက်ပြီး စာအုပ်နဲ့ပါ ဟိုရိုက် ဒီရိုက် ရိုက်လိုက်သည်။ပီယာနို ခလုတ်တချို့ကို ဟိုနှိပ် ဒီနှိပ် စမ်း နှိပ်ကြည့်နေဆဲမှာ~~
📳
*တောင်ခနဲ နိုတီသံနှင့်အတူ လင်းလာသော ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်တော့ စီနီယာ ကင်မ်ဂျီဝွန်းဆီမှ စာဖြစ်နေသည်။"မက်သရူး ဘယ်မှာလဲ ကိုယ်မင်းကို လိုက်ရှာနေတာ.."
"ကျွန်တော်က ပြန်နှင့်ပြီ.."
ထို ပြန်စာကို Send မနှိပ်ရသေးခင်မှာပင် ဖုန်းကောလ်က ၀င်လာသည်။ တော်တော်လည်း စိတ်မြန်လက်မြန်ရှိလှတဲ့ စီနီယာ...
YOU ARE READING
How To Make Campus Sweetheart To Be Your Boyfriend
Fanfiction"ကိုယ့်နာမည် ဘယ်လိုခေါ်လဲ" "ဘာ ??"