#8 Everything dies, but these feelings

546 80 11
                                    

"သူက ရတယ် ကူညီပေးမယ်တဲ့ သူနဲ့ မက်ချူးလေးနဲ့ တူတူ ကျင့်ကြည့်ဖို့တော့ လိုဦးမယ်ထင်တယ် မနက်ဖြန်ဆိုရင်ပဲ ပွဲက လုပ်တော့မှာ ဆိုတော့ အချိန်ညှိရတာ ခက်မလားမသိ ဂျီဝွန်းက တစ်ချက်လောက် မက်ချူးကို ဆက်သွယ်ကြည့်ပါဦး"

စတေစီ ပြောပုံအရဆို လာကူညီပေးမယ့် သူက နယ်နယ်ရရတော့မဟုတ်။ ပရော်ဖက်ရှင်နယ် စန္ဒရားဆရာ တစ်ယောက်ဖြစ်သည်။ အနုပညာနယ်ပယ်ထဲ‌ ခြေစုံပစ်၀င်ထားပုံရသော ထိုသူကို ဂျီဝွန်းထက် တစ်နှစ်ငယ်ပေမယ့် လေးစားမိပါသည်။

မက်သရူးကို ဆက်သွယ်ပါဦးဆိုကာမှ ...
သူ့မှာ မက်သရူးဖုန်းနံပါတ် ခုထိ မရှိသေး။

တောက်တစ်ချက် ခတ်လိုက်မိပြီး...

ညံ့လိုက်တာ ဂျီဝွန်းရာ... အိုင်တီခေတ်ကြီးထဲမှာ ဖုန်းနံပါတ်မသိ၊ ဆိုရှယ်မီဒီယာအကောင့်ကိုလည်း လိုက်,မရှာမိ။ သူ့ရဲ့ ဖြည်းဖြည်းမှန်မှန် နည်းလမ်းဆိုတာက မှန်ရော မှန်သေးလားပင် သူသေချာ, မသိတော့။

အရင်ဆုံး မက်သရူးရဲ့ စာသင်ခန်းဆီ အပြေးလေး သွားလိုက်သည်။

အတန်းချိန်ပြီးဖို့က ဆယ့်ငါးမိနစ်လောက် လိုသေးတာမို့ အတန်းရှေ့ ရစ်သီရစ်သီ လုပ်နေမိသော ဂျီဝွန်းကြောင့် အတန်းထဲက ကျောင်းသူ/ကျောင်းသားတို့၏ အာရုံက စာမှာ ဘယ်လိုမှ မရှိနိုင်တော့။

တီရှပ်အဖြူလက်ရှည်ကို တိတိပပ ခေါက်တင်ထားပြီး အောက်က စတိုင်ပင် အနက်ကို စမတ်ကျစွာ ၀တ်ဆင်ထားသည့် လူချောလေး ဂျီဝွန်းက အတန်းကို ငါးမိနစ်ပိုစော၍ ဆင်းပေးလိုက်ရခြင်း၏ တရားခံ။

အတန်းထဲမှ ထွက်လာသော မက်သရူးက သူ့ကို မြင်ပါလျက်နှင့် ကျော်ကာ ရှေ့ကို ဆက်လျှောက်သွားသည်။
"ဟာ... ဒီကလေးကတော့.."

"မက်သရူး!!!"

ဂျီဝွန်း၏ အသံကျယ်ကျယ်နှင့် လှမ်းခေါ်လိုက်သံက အတန်းထဲက ပြုံထွက်လာသော အတန်းသား အားလုံး၏ အာရုံကို ရသော်လည်း မက်သရူးကတော့ လှည့်ကြည့်မလာ..

"အယ်... စီနီယာ ဂျီဝွန်းက ငါတို့အတန်းထဲက မက်သရူးဆီ လာတာတော့"

How To Make Campus Sweetheart To Be Your BoyfriendWhere stories live. Discover now