Chapter -1

3.1K 402 23
                                    

Zawgyi

ပိုင်ချင်းလောင်တစ်​ယောက် သူရှေ့ရှိကလေးလေးယောက်ကိုကြည့်ရင် မပြုံးချင်ပဲ ပြုံးလိုက်ရသည်၊

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့နာရီအနည်းငယ်အတွင်းတုန်းက သူဟာ အကြွေးရှင်တွေဆီက လိုက်တာခံနေရပြီး ရုတ်တရက် သူ့ရဲ့နားထဲကနေ စက်ရုပ်အသံတစ်သံကိုကြားလိုက်သည်၊

[System: ဟယ်လို လူသား မင်းသာ ငါ့အစီအစဉ်မှာပါဝင်မယ်ဆိုရင် မင်းရဲ့အကြွေးတွေကို ငါကူရှင်းပေးနိုင်တယ် ဘယ်လိုလဲ]

'မင်းက ဘယ်သူလဲ' ပိုင်ချင်းလောင် ထိတ်လန့်သွားပြီး အနီးနားပတ်ဝန်းကျင်တွေကိုကြည့်ရင်းမေးလိုက်သည်၊ထိုချိန်မှာ အလေးထောင့်အတုံးသေးသေးလေးပါပေါ်ပေါက်လာတော့သည်၊

[System: ငါက system 2000ပဲ ငါက မင်းတို့လို လောင်းကြွေးပိတ်နေတဲ့သူတွေ သေခါနီးလူတွေနဲ့လောင်းကစားလုပ်ရတာကို ကြိုက်တယ်] လေးထောင့်တုံးပေါ်မှာ ပေါ်လာတဲ့ (◠‿・)—☆ အမူအရာကိုကြည့် ပိုင်ချင်းလောင်ကြည့်ပြီး စိတ်ထဲအနည်းငယ်တော့ ရယ်ချင်သွားသည်၊

'မင်းက ငါ့ကို ဘယ်လိုကူညီပေးနိုင်မှာလဲ'

[System:မင်းက ငါပို့တဲ့ကမ္ဘာမှာ တာဝန်တွေပြီးအောင်ထမ်းဆောင်ရုံပဲလေ}

'တကယ်လို့ ငါငြင်းရင်ကော'

[System: မင်းဘာသာမင်းအကြွေးရှင်းပေါ့...ဒါပေမယ့် မင်းအဖေရဲ့အကြွေးတွေ၊မင်းညီရဲ့အကြွေးတောင် မကျေသေးဘူးမလား အခု မင်းတို့နေမဲ့အိမ်တောင် အကြွေးရှင်တွေသိမ်းသွားပြီး မင်းအမေနဲ့အစ်မလည်း နေစရာပျောက်နေပြီလေ...]

ထိုလေးထောင့်တုံးပြောတာမှန်တာကြောင့် ပိုင်ချင်းလောင်လည်း မတတ်နိုင်စွာလက်ခံလိုက်ရတော့သည်၊သူလက်ခံလိုက်ပြီးနောက်မှာ သူက ရှေးတရုတ်ခေတ်လိုပုံစံမျိုးနေရာကို ရောက်လာခဲ့တော့သည်၊

သူရဲ့တာဝန်က ဒီခန္ဓာကိုယ်ပိုင်ရှင်မသေဆုံးရန်ဖြစ်ပြီး ဒီတာဝန်က အရမ်းလွယ်ကူတယ်ထင်ခဲ့သေးသည်၊ဘယ်ထင်မလဲ သူက သူ့ကိုသတ်မဲမကောင်းဆိုးဝါးလေး လေးယောက်ကိုစောင့်ရှောက်ရမဲ့ဆရာဖြစ်နေခဲ့တာကိုပေါ့၊

ဆရာက ကျွန်​ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့ Where stories live. Discover now