Chapter -6

1.9K 277 41
                                    

Zawgyi

ပိုင်ချင်းလောင်တို့အဖွဲ့က တောင်ပိုင်းဒေသကို မြင်းလှည်းနဲ့ထွက်လာပြီးနောက်မှာ ကောင်းကင်က နီညိုရောင်သန်းလာပြီး တစ်ဖြည်းဖြည်းအမှောင်ဘက်ကို ကူးသန်းလာပြီး ကြီးမားဝိုင်းစက်တဲ့လမင်းကလည်း အနောက်ရပ်ကနေ ထွက်ပေါ်လာတော့သည်၊

ဒါကြောင့် ပိုင်ချင်းလောင်တို့က အနီးနားကမြို့တစ်မြို့ကို ရောက်လာပြီးနောက်မှာတော့ သူတို့က တည်းဖို့နေရာလိုက်ရှာတော့သည်၊ပိုင်ချင်းလောင်က လှည်းတည်းကနေ ထွက်ရန်ကြိုးစားချိန်မှာ ချင်းမုယွမ်က ပိုင်ချင်းလောင်ရဲ့ခါးကနေပွေ့ဖက်ပြီး အနောက်ဘက်ကို ပြန်ဆွဲလိုက်တာကြောင့် ပိုင်ချင်းလောင်က မျက်မှောင်ကြုတ်သွားပြီး ချင်းမုယွမ်ကို မော့ကြည့်လိုက်သည်၊

"တောင်ပိုင်းဒေသက ဖုန်ထူတယ်...မျက်နှာဖုံးတပ်ထားလိုက်လေ" အဖြူရောင်မျက်နှာဖုံးကို ချင်းမုယွမ်က ပိုင်ချင်းလောင်မျက်နှာပေါ်တပ်ပေးလိုက်သည်၊ ပိုင်ချင်းလောင်က မကျေနပ်ဖြစ်သွားကာ ပြန်ပြောရန်လုပ်ချိန်မှာ ချင်းမုယွမ်တို့လေးယောက်ကလည်း မျက်နှာဖုံးတပ်ထားတာကိုတွေ့လိုက်တော့ ပိုင်ချင်းလောင်လည်း ဘာမှမပြောတော့ပေ၊

ဒါပေမယ် နည်းနည်းလေး အထွန့်တက်ချင်တာကြောင့် ပိုင်ချင်းလောင်က ကုရှင်းမန်ဘက်တိုးရင်းမေးလိုက်သည်၊

"ငါတို့ငါးယောက်လုံး မျက်နှာဖုံးတပ်ထားတာ မထူးဆန်းဘူးလား..."

ကုရှင်းမန်က ပိုင်ချင်းလောင်ရဲ့စကားကြောင့် ရယ်မိသွားတော့သည်၊သူ့ဆရာက မျက်နှာဖုံးတပ်ရတာကို ရှက်နေပုံရပြီး သူ့ကိုအဖော်လာညှိချင်ပုံရသည်၊ဒါပေမယ့် သူ့ဆရာရဲ့လှပတဲ့မျက်နှာလေးကို ကုရှင်းမန်တွေးမိလိုက်ရုံနဲ့ ဒီတစ်ခေါက်တော့ သူ့ဆရာကို အလိုမလိုက်သင့်ကြောင်း သူကိုယ်သူသတိပေးလိုက်သည်၊

"မထူးဆန်းပါဘူး ဆရာသခင် အပြင်ရောက်ရင် ကြည့်လိုက်လေ လူတိုင်းနီးပါးမျက်နှာဖုံးတပ်ထားတာတွေ့လိမ့်မယ်"

"တကယ်လား"

"တကယ်ပေါ့ဗျာ" ကုရှင်းမန်က ချင်းမုယွမ်ရင်ခွင်ထဲက သူ့ဆရာကို လှမ်းဆွဲပြီး ပွေ့ဖက်ချင်စိတ်တွေကို ထိန်းချုပ်လိုက်ပြီးဖြေပေးလိုက်သည်၊သူတို့ဆရာရဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို လွန်ဆန်နိုင်ဖို့ခက်ခဲလှသည်၊

ဆရာက ကျွန်​ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့ Where stories live. Discover now