Chapter-4

1.7K 295 37
                                    

Zawgyi

ပိုင်ချင်းလောင်ဟာ ဆာကူရာအပင်တွေကြားမှာတည်ဆောက်ထားတဲ့ဇရပ်ဆောင်အလယ်မှာထိုင်လိုက်ပြီး ကု့ချင်းကို တီးခတ်နေတော့သည်၊ အရင်ပိုင်ချင်းလောင်က ဂီတအနုပညာနဲ့ပတ်သတ်ပြီး မည်သည့်အရည်အချင်းများမရှိသော်လည်း ပိုင်ချင်းလောင်က System2000ဆီကနေ ဝယ်ယူခဲ့ခြင်းဖြစ်သည်၊

မူလကမ္ဘာတုန်းကတော့ သူက စန္ဒယားတီးခတ်ရသည်ကို သဘောကျတာကြောင့် အခြားနေရာကိုကူးပြောင်းခံလိုက်ရရင်တောင် သူဟာ ဂီတကိုစွန့်ပစ်သွားမည်တော့ မဟုတ်ပေ၊ဒါကြောင့် Systemကနေ တစ်ဆင့် နီးစပ်ရာကိုရှာခိုင်းချိန်မှာ များစွာသောတူရိယာတွေတွေ့ခဲ့ပေမယ့် ကု့ချင်းပိုသာ ရွေးချယ်လိုက်သည်၊ရှေးခေတ်တရုတ်ကားတွေမှာဆို မင်းသားတွေ ကု့ချင်းတီးခတ်တဲ့အချိန်မှာ အလွန်ကြည့်ကောင်းသည်မလား၊

"ဆရာသခင်ရဲ့ကု့ချင်းလက်ရာက မဆိုးပါဘူး...တိုးတက်လာပြီ" ချင်းမုယွမ်က အနည်းငယ်ရှုံ့မဲ့နေတဲ့အမူအရာနဲ့ပြောလိုက်သည်၊

"စစတီးခတ်တုန်းကထက်စာရင် အတော်ကိုအဆင်ပြေနေပြီပဲလေ"

လွန်ခဲ့တဲ့နှစ်နှစ်ကျော်တုန်းက သူတို့ဆရာသခင်ဟာ ညနေဘက်ကြီးလူစုခိုင်းကာ ဒီဇရပ်ဆောင်မှာပဲ ကု့ချင်းတီးခတ်ပြခဲ့ဖူးသည်၊ထိုတုန်းက သူတို့မှာ ဆရာသခင်ရဲ့ကောင်းမွန်လှတဲ့လက်စွမ်းကြောင့် နားကန်းပြီလို့တောင် ထင်ခဲ့ကြသေးသည်၊ဆရာသခင်ကတော့ သူတို့ရဲ့စိတ်ကြံ့ခိုင်မှုကို စစ်ဆေးတာတဲ့၊တကယ်ပဲ စိတ်ကို ကြံ့ခိုင်အောင်ကျင့်ပေးခဲ့တာအမှန်ပေ၊

ပိုင်ချင်းလောင်က သူ့တပည့်တွေရဲ့ချီးမွှမ်းတာတွေနဲ့ပတ်သတ်ပြီး ဘာမှမဖြစ်ပေ၊သူသာ လက်ရည်ကိုအဆင်မြှင့်ချင်ရင် လေးထောင့်တုံးဆီမှာဝယ်လို့ရသည်၊ဒါပေမယ့် သူမဝယ်ပဲ ကြိုးစားလေ့ကျင့်ခဲ့သည်၊

[System:အမှတ်မှမရှိတာ]

ဘေးနားက လေးထောင့်တုံးရဲ့အထင်သေးစွာပြောလာတဲ့အသံကို ပိုင်ချင်းလောင်လစ်လျူရှုလိုက်သည်၊သူက အမှတ်ကို အားကိုးတဲ့သူတစ်ယောက်မဟုတ်ပေ၊

[System: လေကြီးလွန်းတယ် ဟိုတလောကပဲ ဓားသိုင်းတွေကို အမှတ်တွေနဲ့ဝယ်သွားလို့ ကု့ချင်းနဲ့ပတ်သတ်ပြီး အခြေခံစာအုပ်ပဲ ဝယ်လို့ရတော့တာကိုများ] လေးထောင့်တုံးဆီကနေ ပွစိပွစိပြောနေတဲ့အသံကို မသိချင်ယောင်ဆောင်လိုက်သည်၊

ဆရာက ကျွန်​ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့ Where stories live. Discover now