Chapter -3

1.5K 282 20
                                    

Zawgyi

နောက်တစ်နေ့မှာတော့ လေးထောင့်တုံးရဲ့အဆက်မပြတ်နိုးသံကြောင့် ပိုင်ချင်းလောင်နိုးလာတော့သည်၊ဒီခန္ဓာကိုယ်ပိုင်ရှင်နဲ့ပတ်သတ်ပြီး ပိုင်ချင်းလောင်ပြောရရင် အတော်ကိုလှပသည်၊သူ့ကမ္ဘာကရုပ်နဲဆင်ပေမယ့် ဒီခန္ဓာကိုယ်ပိုင်ရှင်လောက်တော့ ဖြူဥပြီးပျော့ညံ့မနေတာတော့အမှန်ပေ၊

ဒီခန္ဓာကိုယ်ပိုင်ရှင်မှာ ရှည်လျားပြီးပျော့ကာနူးညံ့လှတဲ့အဖြူရောင်ဆံပင်တွေရှိပြီး သူ့ရဲ့တင်လောက်ရှိတယ်၊တော်သေးတာက အစေခံတွေက ဒီဆံပင်တွေကိုထိန်းသိမ်းဂရုစိုက်ပေးလို့ပေါ့၊ မဟုတ်ရင် နောက်ပိုင်း သူ့ဘာသာလုပ်ရမယ်ဆိုရင် ဆံပင်နဲ့တင်ရူးလောက်တယ်၊

ပိုင်ချင်းလောင်ရဲ့'ကော'အဖြစ်အသိအမှတ်ပြုထားတဲ့အနီရောင်အမှတ်ကတော့ ညှပ်ရိုးနားမှာရှိနေပြီး သေချာဖုံးထားရင်တော့ မြင်ရမည်မဟုတ်ပေ၊ဒါပေမယ့် အရင်ပိုင်ချင်းလောင်ကသာဂရုစိုက်တာလေ၊သူက 'ကော'တစ်ယောက်ဆိုတာ အချိန်တန်သိသွားမှာဆိုတော့ အပင်ပန်းခံပြီး ဖုံးကွယ်နေစရာအကြောင်းမရှိပေ၊

ဒါကြောင့် အရင်ပိုင်ချင်းလောင်လုပ်ခဲ့သလို ပေါင်ဒါနဲ့အုပ်ရန်စိတ်ကူးမရှိပေ၊ထို့နောက်မှာတော့ ပိုင်ချင်း​လောင်က အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးနောက်မှာ အပြင်ဘက်ကို ထွက်လာတော့ သူ့ရဲ့အိပ်ဆောင်ရှေ့မှာ သူ့ကိုစောင့်နေတဲ့ကလေးလေးယောက်ကို မြင်လိုက်ရတော့သည်၊

ချင်းမုယွမ်က သူ့ကိုမြင်တော့ တက်တက်ကြွကြွနဲ့ပြေးလာတော့သည်၊ချင်းမုယွမ်အသံကြောင့် လောင်ထျန်းထိုက်ဟာ ငိုက်နေရာကနေ နိုးလာပြီး ကုရှင်းမန်နဲ့အတူ ဆရာသခင်ကိုနူတ်ဆက်လိုက်သည်၊

မင်လီချန်းကတော့ ဂျစ်ကန်ကန်နဲ့ကြည့်နေပြီး " ဆရာဖြစ်ပြီး အိပ်ပုတ်ကြီးလိုက်တာ..." လို့ပြောလာတာကြောင့် ပိုင်ချင်းလောင်လည်း ပြုံးပြုံးလေးဖြင့် မင်လီချန်းရဲ့ခေါင်းကို ယပ်တောင်နဲ့ခေါက်လိုက်သည်၊

"မင်းတို့ကို ဓားရေးနဲ့ပတ်သတ်ပြီး သင်ပေးမယ်" ပိုင်ချင်းလောင်ကပြောလိုက်ပြီးနောက်မှာ ဓားရေးလေ့ကျင့်တဲ့ကွင်းပြင်ဘက်ကိုခေါ်သွားတော့သည်၊ထို့နောက်မှာတော့ ပိုင်ချင်းလောင်က သစ်သားဓားတစ်ချောင်းကို ယူလိုက်ပြီး အနည်းငယ်ဝေ့ရမ်းလိုက်သည်၊

ဆရာက ကျွန်​ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့ Where stories live. Discover now