Chapter-5

1.6K 264 20
                                    

Zawgyi

နောက်တစ်နေ့ရောက်တဲ့အချိန်မှာတော့ ပိုင်ချင်းလောင်တစ်​ယောက် ဂိုဏ်းချုပ်နေတဲ့နေရာကို သူ့တပည့်လေးယောက်ကို ခေါ်ဆောင်ကာသွားတော့သည်၊

ဂိုဏ်းချုပ်တည်ရှိတဲ့အဆောင်နဲ့ပိုင်ချင်းလောင်ရဲ့နေရာက သိပ်မဝေးပေမယ့် နာရီဝက်လောက်တော့ လမ်းလျှောက်ရသည်၊အပြင်ထွက်တာ ရှားလှတဲ့ပိုင်ချင်းလောင်ကို ကြည့်တဲ့အချိန်မှာတော့ ဂိုဏ်းသားများက လာရောက်နူတ်ဆက်ကြသည်၊သူတို့က ဆရာသခင်ပိုင်က မောက်မာတာ သိပေမယ့် အကျင့်ယုတ်တာ မသိကြသေးတဲ့သူလေးတွေကိုး၊

ဒါကလည်း ဇာတ်လိုက်တွေနဲ့မဆုံခင်က ပိုင်ချင်းလောင်အတွက် ခြိမ်းခြောက်နိုင်တဲ့ဇာတ်ကောင်တွေမရှိတာကြောင့်ဖြစ်သည်၊အခုချိန်မှာလည်း မူလပိုင်ချင်းလောင်မရှိတော့တာကတစ်ကြောင်း၊အပြင်ထွက်တာရှားတဲ့ပိုင်ချင်းလောင်ကြောင့် အတိတ်ကဖြစ်ရပ်တွေကို လူတွေက သိပ်တော့အလေးမပေးတော့ပေ၊သူတို့က ပိုင်ချင်းလောင်က တပည့်တွေကို ကောင်းမွန်စွာသင်ပြပေးလာတဲ့ဆရာသခင်ကောင်းတစ်ဦးလို့သာ သတ်မှတ်လာကြသည်ကိုး၊

"​ဆရာသခင်ပိုင် ဘယ်သွားမလို့လဲ"

နောက်ကနေ ယောက်ျားတစ်ယောက်အသံကြောင့် အကုန်လုံးကလှည့်ကြည့်လိုက်တော့သည်၊တပည့်တွေက ချက်ချင်းအရိုအသေပေးလိုက်ကြပြီး နူတ်ဆက်လိုက်သည်၊

"ဆရာသခင်လျိုပါလား..." ပိုင်ချင်းလောင်လည်း ရောက်လာတဲ့လျိုကျင်းလျောင်ကို နူတ်ဆက်လိုက်သည်၊

"ဂိုဏ်းချုပ်နဲ့သွားတွေ့မလို့လေ"

"ဟုတ်လား ကိုယ်လည်း အဲ့ဘက်သွားရမှာ အတူသွားကြမလား" လျိုကျင်းလျောင်စကားကြောင့် ပိုင်ချင်းလောင်လည်း အပန်းမကြီးတာကြောင့်လက်ခံလိုက်သည်၊

"အခုတလော တောင်နောက်မဆင်းတော့ဘူးနော် ချင်းချင်း"အခြားဂိုဏ်းတပည့်လေးတွေကို အနားမှာမရှိချိန်ရောက်မှ လျိုကျင်းလျောင်က ပိုင်ချင်းလောင်ကိုရင်းနှီးစွာခေါ်လာတော့သည်၊

"ဆရာသခင့်နာမည်က ပိုင်ချင်းလောင်ပါ ချင်းချင်းမဟုတ်ဘူး" ကုရှင်းမန်ရဲ့ခပ်စွာစွာအသံထွက်ပေါ်လာတော့သည်၊

ဆရာက ကျွန်​ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့ Where stories live. Discover now