Chapter-8

918 177 9
                                    

Zawgyi

မင်လီချန်းက တင်းမာနေတဲ့မျက်နှာထားဖြင့် အခန်းထဲဝင်လာပြီး သူက ကုရှင်းမန်ကိုကြည့်လိုက်သည်၊အခြားသူတွေနှင့်မတူညီစွာ ကုရှင်းမန်ကို သူဟာသံသယဝင်နေမိသည်၊အခြားသူတွေအမြင်မှာတော့ ကုရှင်းမန်က ကောတစ်ယောက်ဆိုပေမယ့် မင်လီချန်းကတော့ ကုရှင်းမန်က ဆရာသခင်ကိုသဘောကျနေတာကိုရိပ်မိနေပြီး သူတို့မရှိတုန်း ဆရာသခင်ကိုချီသွားမှာကို စိုးထိတ်မိသည်၊

"ဘာလဲ" ကုရှင်းမန်က မင်လီချန်းရဲ့သံသယမျက်လုံးများကိုကြည့်ရင်း မျက်ခုံးပင့်ကာမေးလိုက်သည်၊

"ရှစ်စွင်း" မင်လီချန်းက ကုရှင်းမန်ကိုလစ်လျူရှုလိုက်ပြီး ပိုင်ချင်းလောင်ဘက်ကိုလှည့်ကာ ပိုင်ချင်းလောင်ကိုကြည့်လိုက်သည်၊ပိုင်ချင်းလောင်က ပါးလေးတွေရဲနေပြီး မျက်နှာအပေါ်မှာ စိုးထိတ်မှုများရှိနေပြီး မင်လီချန်းနဲ့မရင်ဆိုင်ရဲစွာ အကြည့်တွေကို လွဲထားသည်၊

"ရှစ်စွင်း" မင်လီချန်းက ပိုင်ချင်းလောင်အနီးသွားကာ မေးရိုးကိုညှစ်ကာ သူ့ဘက်ကိုမျက်နှာမူခိုင်းလိုက်သည်၊ဒါပေမယ့် ပိုင်ချင်းလောင်က တစ်ခုခုဖုံးကွယ်ထားသယောင် နူတ်ခမ်းလွှာများက အနည်းငယ်တုန်ယင်နေပြီး အကြည့်ချင်းလည်းရှောင်ပြေးနေတော့သည်၊

"ကျုပ်ကိုကြည့်စမ်း ရှစ်စွင်း"

"လီချန်း! ဆရာ့အပေါ် မရိုင်းနဲ့" ကုရှင်းမန်က အနောက်ကနေ မျက်မှောင်ကြုတ်ကာပြောလိုက်ပေမယ့် မင်လီချန်းက ဂရုမစိုက်စွာဖြင့် ပိုင်ချင်းလောင်ကိုကြည့်လိုက်သည်၊

"ငါ...ငါ...ရှင်းမန်ကို မမြူဆွယ်ပါဘူး..." ပိုင်ချင်းလောင်စကားကြောင့် မင်လီချန်းကမျက်ခုံးများပင့်သွားပြီး အနောက်ဘက်မှာပြုံးကာရပ်နေတဲ့ကုရှင်းမန်ကိုကြည့်လိုက်သည်၊

"ဒါပေါ့ ဘယ်လိုလုပ် ရှစ်စွင်းက သူ့လိုမြေခွေးကောင်ကို မြူဆွယ်မှာလဲ!"

"ပြော ရှစ်စွင်းကို သူဘာလုပ်သေးလဲ..."

"ဘာ...မှမလုပ်ပါဘူး"

'ငါက ဆရာသခင်ပါနော် ဒါကို ဘာကြောင့် ဆူခံနေရတာလဲ' ပိုင်ချင်းလောင်က အနည်းငယ်ဆူပုပ်သွားပေမယ့် သူက ဘာပြောနိုင်မှာမို့လို့လဲ၊သူတို့က အနာဂတ်မှာ ကြီးမားတဲ့ဇာတ်ကောင်ကြီးတွေလေ၊သူက ဒီအတိုင်းသေးနုတ်တဲ့ဇာတ်ကောင်လေးလေ...။

ဆရာက ကျွန်​ေတာ်တို့ကို မရွေးချယ်ချင်ဘူးတဲ့ Where stories live. Discover now