အပိုင်း ( ၁ ) ( Unicode )

794 58 14
                                    


Unicode

  အစ်ကို.......

    အစ်ကိုဆိုတယ့်နာမ်စားလေးက ရိုးရှင်းပေမဲ့
ကျွန်တော့်အတွက်‌ကတော့အဖိုးမဖြတ်နိုင်
လောက်အောင်တန်ဖိုးရှိတယ်အစ်ကို...။

   ကျွန်တော်ကဆင်းရဲတယ့်လူတစ်ယောက်ပါ...။
ဒါပေမဲ့ အစ်ကိုကိုယ်ချစ်တယ့်အချစ်တွေကတော့
ချမ်းသာတယ်အစ်ကို...။

   ယှဥ်ကြည့်မယ်ဆိုရင်ကမ္ဘာ့နံပါတ်တစ်
ဘီလီယံနာသူဌေးကြီးတွေထက်တောင် သာချင်သာနေအုံးမှာ...။

   ကျွန်တော့်လိုအညတရတစ်‌ ယောက်က ဒီလိုစကားမျိုးပြောလို့ အစ်ကိုရီမယ်ဆိုလဲ ရီပါအစ်ကို...။

   ကျွန်တော့်ကြောင့်အစ်ကို့မျက်နှာထက်မှာအပြုံးလေး
ဖြတ်ပြေးသွားမယ်ဆိုရင်ဘဲ ကျွန်တော်နာကျင်ရရင်တောင်ကျေနပ်မိမှာပါ...။

   ကျွန်တော်လေ အစ်ကို့ကိုယ်သိပ်ချစ်တယ်သိလား?
ကျွန်တော့်အပိုင်မဟုတ်တယ့်အစ်ကို့ကိုယ် ကျွန်တော်ငယ်ငယ်လေးထဲကအရိပ်တစ်ကြည့်ကြည့်နဲ့ ချစ်ခဲ့ရတာပါအစ်ကိုရယ်...။

   စံအိမ်ဘုံထက်ကရွှေမင်းသားလေးနဲ့ အလုပ်သမားတန်းလျားကခိုင်းဖက်ကျွန်တော်ဟာ ဘယ်လိုမှမလိုက်ဖက်ဘူးဆိုတာ ကျွန်တော်သိပါတယ်...။ဒါပေမဲ့လဲ ကျွန်တော့်ရဲ့အချစ်တွေကလျော့မသွားဘဲ တစ်နေ့ထက်တစ်နေ့ပိုတိုးလာတော့ခက်တယ်အစ်ကိုရယ်...။

  ကျွန်တော်ကိုယ်က ရူးမိတာပါ။ကိုယ့်ကိုယ်ခိုင်းဖက်တစ်ယောက်ထက်မပိုတယ့်လူကိုယ်မှ ချစ်လာမလားဆိုပြီးမျှော်လင့်ချက်တွေထားနေမိတာ...။

   ဟုတ်တယ်မှတ်လား?ကျွန်တော်ရူးနေပြီမှတ်လားအစ်ကို? လို့မေးမိရင် အစ်ကို့ရဲ့နှုတ်ခမ်းဖျားလေးက သေချာတာပေါ့လို့ ပြန်ဖြေမှာကိုယ် ကျွန်တော်ကြားယောင်မိတယ်အစ်ကိုရယ်...။

   မဖြစ်နိုင်မှန်းသိရက်နဲ့ တပ်မက်မိနေတယ့်လောဘကိုယ် ဘယ်လိုချွတ်ရမလဲမသိတော့ပါဘူး...။

   ကျွန်တော်လေ ညဘက်တိုင်းကြယ်တွေစုံနေတယ့်ကောင်းကင်ယံကြီးကိုယ် ခနခနကြည့်မိတယ်...။

   ကြယ်လေးတွေနဲ့ စီခြယ်ထားတယ့်ကောင်းကင်ကြီးက
သိပ်လှတာဘဲဗျာ...အစ်ကို့အတိုင်းဘဲ။

အချစ်ကိုယ်အစ်ကိုနဲ့စတင်ခြင်း...Where stories live. Discover now