Unicode
ဂျီမင်း အနာရှိန်ကြောင့် အဖျားကြီးကာ မနက်ကြတော့တော်တော်နဲ့မထနိုင်ချေ...။ဒါတောင် ညထဲက ကျောကုန်းပေါ်ကအရှိုးရာတွေကိုယ် ကြီးကြီးက ဆေးထည့်ပေးထားတာကြောင့် အနာကသိပ်တော့မနာတော့ပေမဲ့လဲ ကိုက်ခဲလို့နေသေးသည်...။
*ဒေါက်...ဒေါက်...ဒေါက်...*
"Jimin...သားရေ နိုးပြီလား...?"
"ဗျာ~~~"
ဂျီမင်း သူ့ကိုယ်ခေါ်သံတွေကိုယ် ကြားနေရပေမဲ့လဲ ကိုင်ရိုက်ထားသလိုဖြစ်နေတယ့် ခန္ဓာကိုယ်ကြောင့် ထဖို့အတွက် အင်အားတွေကလဲမရှိသလို...။ပါးစပ်ကနေလဲ ထူးသာထူးနေတာ ကိုယ့်အသံကိုယ်ပြန်ကြားရုံလောက်လေးသာကြားရသည်....။
"Jimin...သားရေ ကြီးကြီးကိုယ်တံခါးလေးလာဖွင့် ပေးပါလားကွယ်..."
" Jimin... ဘာဖြစ်လို့လဲ?"
"အမလေး...!!"
ဆွန်းအီဟာ တစ်ယောက်အထဲက ကလေးငယ်ကိုယ်စိတ်အပူလွန်ပြီး သောကများနေတယ့်အချိန်မှာ ပင်အနောက်ကဩဇာဩောင်းလှတယ့် အသံကိုယ်ကြားလိုက်ရတာကြောင့် သူမစိတ်တွေလန့်ဖြတ်လို့သွားလေသည်...။
"ဘာတွေဒီလောက်ထိတောင်လန့်သွားရတာလဲ? ကြီးမေရဲ့...။ဒါနဲ့ နေပါအုံး Jimin...ကဘာဖြစ်လို့လဲ?"
"Jimin...လေ ကြီးမေခေါ်နေတာလဲပြန်မထူးဘူးကွယ်...။ဒီကလေးတစ်ယောက်အထဲမှာဘာတွေဖြစ်နေမှန်းမသိဘူး...။ညတုန်းကလဲ အနာရှိန်ကြောင့် အဖျားငွေ့ငွေ့လေးရှိနေတာ..."
ထယ်ယောင်းတစ်ယောက် ကြီးမေရဲ့ စကားကိုယ်ကြားပြီးနောက်မှာတော့ သူလဲ ဒီကလေးအတွက် အတော်ကိုယ်စိတ်ပူလို့သွားခဲ့သည်...။နောက်ပြီး ဒီကလေးဒီလိုဖြစ်တာဟာ သူ့အပြစ်လဲ မကင်းဘူးလေ...။
"ကြီးမေ သော့အပိုရှိတယ်မှတ်လား? သွားယူလာခဲ့..."
"အေးအေး ကြီးမေသွားယူလိုက်အုံးမယ်...ခနလေးစောင့်..."
ကြီးမေဟာပြောပြောဆိုဆိုနဲ့ အိမ်တော်ထဲကိုယ် သုတ်ခြေတင် ပြေးဝင်သွားတာကိုယ်ကြည့် ပြီးသူလဲသက်ပြင်းဘဲချလိုက်မိတော့သည်...။ကြီးမေလဲ ဒီကလေးကိုယ်တော်တော်စိတ်ပူနေရှာလောက်မှာဘဲလို့ တွေးမိသား...။
YOU ARE READING
အချစ်ကိုယ်အစ်ကိုနဲ့စတင်ခြင်း...
Fanfictionအချစ်တဲ့လား?ကျွန်တော်အချစ်ကိုယ် ဘယ်လိုမှမမြင်မိဘူး။ဘာလို့လဲဆိုတော့ကျွန်တော့်အချစ်ကအစ်ကိုဘဲလေ......။