အပိုင်း ( ၅ ) ( Unicode & Zawgyi )

148 12 4
                                    

Unicode

         သာယာလှတယ့် ညနေခင်းတစ်ခုတွင် ကောင်းကင်ကြီးကလဲ ကြည်လင်လို့နေသည်...။ကျေးငှက်လေးတွေကလဲ သူတို့ရဲ့သံဇဉ်လေးတွေနဲ့ သီဆိုမြည်ကြွေးကာ အိပ်တက်တန်းဖို့အတွက် သူတို့ရဲ့အသိုက်ဆီကိုယ် ပျံ့သန်းနေကြသည်...။

       ချယ်ရီတွေဟာလဲ တစ်ရွက်ချင်း တစ်ရွက်ချင်းမြေပေါ်သို့ သက်ဆင်းလျက်....။ကြာကန်ကြီးဟာလဲ ငါးလေးတွေကြောင့် လှိုင်းလေးတွေ လှုပ်ခတ်သွားလိုက်နဲ့ သဘာဝတရားကြီးဟာ ဒီနေ့မှ အရမ်းကိုယ်လှပပြီး စိတ်ချမ်းသာစေခဲ့သည်...။

     နောက်တစ်ခုစိတ်ချမ်းသာစရာအကြောင်းအရင်းဟာလဲ သဘာဝတရားကြီးထပ်တောင် ပိုလို့လှပနေခဲ့သည်...။အဲ့ဒါက အညိုရောင်ဆွယ်တာနဲ့ အညိုရောင် style pant ကိုယ်ဝတ်ဆင်ထားတယ့် ကျွန်တော့်ရဲ့အညိုရောင်လေး...။

    အစ်ကိုဟာ အညိုရောင်တွေနဲ့သိပ်ကိုယ်ကြည့်ကောင်းသည်...။

    လေတိုက်လိုက်တိုင်း လှုပ်ခတ်သွားတယ့်
အစ်ကို့ရဲ့ပွ‌ယောင်းယောင်းဖြစ်နေတယ့်အညိုရောင်ဆံနွယ်လေးတွေရယ်...။

   လေးထောင့်ပုံစံအညိုရောင်မျက်မှန်ဘောင်ထဲကနေ လှမ်းလှမ်းကြည့်တတ်တယ့်အညိုရောင်မျက်ဝန်းတစ်စုံရယ်ကြောင့်
ကျွန်တော်အညိုရောင်‌တွေကိုယ်စွဲလမ်းမိသွားတာထင်ပါတယ်...။

     ပညာတတ်တွေပြော‌ပြောနေကြစကားတစ်ခွန်းရှိတယ်...။
အဲ့ဒါက အဖြူရောင်တွေကအေးချမ်းရာတယ့်...။

    ဒီတစ်ခါတော့ ကျွန်တော်ပညာတတ်တွေနဲ့ပြိုင်ပြီးငြင်းရလိမ့်မည်...။ဘာလို့လဲဆိုတော့ ကျွန်တော့်အေးချမ်းရာလေးက အညိုရောင်လေးလေ...။

   ဒီလိုပြောလို့ ကျွန်တော့်ကိုယ်တုံးအလိုက်တာလို့ ပြောရင်လဲခံလိုက်မည်...။ အကြောင်းပြချက်ကတော့ ကျွန်တော်က ပညာမတတ်တယ့်လူဘဲလေ...။အဲ့တော့ ပညာတတ်တွေရဲ့ စကားကိုယ်မှန်ပါတယ်လို့ ဘာလို့ထောက်ခံရမှာလဲ...။ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ဘဲပေါ့...။
  
  "Jimin ...ဘာတွေစဉ်းစားနေတာလဲ? ကိုယ်စာသင်နေတယ်လေ..."

  "ဗျာ...ကျွန်...ကျွန်တော် အတွေးလွန်မိသွားတယ်အစ်ကို...။တောင်း...တောင်းပန်ပါတယ်..."

You've reached the end of published parts.

⏰ Last updated: Mar 01 ⏰

Add this story to your Library to get notified about new parts!

အချစ်ကိုယ်အစ်ကိုနဲ့စတင်ခြင်း...Where stories live. Discover now