အပိုင်း ( ၂ ) ( Unicode & Zawgyi )

312 49 12
                                    


Unicode

  "မောင်လေး အစ်မတို့လဲသွားပြင်ဆင်ကြမယ်လေ
အချိန်လေးမနှောင်းခင်"

  ဂျီမင်း အစ်ကို့ရဲ့ကားလေးထွက်သွားတာကိုယ် ဆွေးဆွေးမြေ့မြေ့နဲ့လိုက်ကြည့်နေခဲ့တာ တော်တော်ကြာသွားခဲ့လို့ထင်ပါတယ်။ဘေးကနေ အစ်မကလာပြောမှဘဲ လက်ရှိအချိန်ကိုယ်ပြန်ရောက်လာတော့တယ်...။

  "ဟုတ်...ဟုတ်ကဲ့အစ်မ..."

  သူလဲ အစ်မခေါ်သွားတယ့်နောက်ကိုသာ ထပ်ကြပ်မခွာ လိုက်သွားလိုက်တော့သည်။အခန်းထဲလဲရောက်ကော ဘာမှမပြင်ဆင်ခင်မှာ အစ်မကဒေါက်မြင့်ဖိနပ်စီးတာကိုယ်အရင်သင်ပေးသည်။

  ဒေါက်ကအရမ်းလဲမမြင့်သလို အရမ်းလဲမနိမ့်ချေ...။ဖိနပ်လေးက ပြောရမယ်ဆိုရင် လှပါတယ်...။အဖြူရောင်ဒေါက်ဖိနပ်လေးကိုယ်မှကြိုးလေးတွေပေါ်မှာ လိပ်ပြာပုံစံလေးတွေကပ်ထားသေးသည်။

  မိန်းကလေးတွေဘယ်လိုစီးလဲ သူမသိပေမဲ့ သူကတော့ ခနခနဘဲချော်လဲနေသည်။ချော်လဲတယ့်အချိန်မှာလဲ အစ်ကိုရဲ့မျက်နှာကိုယ်ဘဲပြန်ပြန်မြင်ယောင်လာတာကြောင့် သူတတ်နိုင်သလောက်ကြိုးစားသင်ယူသည်။

  သင်ပေးတယ့်အစ်မကလဲ စိတ်ရှည်လက်ရှည်နဲ့သင်ကြားပေးသည်။နောက်ဆုံး တစ်နာရီကြာပြီးတယ့်အချိန်မှာတော့ မိန်းကလေး တွေလိုကျွမ်းကျွမ်းကျင်ကျင်မဟုတ်ပေမဲ့လဲ ကိုယ့်ခန္ဓာကိုယ် ဟန်ချက်ညီအောင်ထိန်းနိုင်ခဲ့သည်။

  ဒေါက်ဖိနပ်စီးတာသင်ပြီးပြန်တော့လဲ ကျွန်တော့် မျက်နှာထက်မှာခြယ်မှုန်းကြပြန်သည်။မိတ်ကပ်တွေအထပ်ထပ်နဲ့ လိမ်းချယ်နေတာကြောင့် ကျွန်တော်စိတ်မရှည်မိတာတော့အမှန်ပေ...။

  ဒါကြောင့် မိန်းကလေးတွေအလှပြင်ရင်ကြာတယ်ဆိုတာ ကျွန်တော်အခုမှဘဲယုံသွားခဲ့သည်။မိတ်ကပ်လိမ်းပြီးပြန်တော့လဲ ကျွန်တော့်ဘဝကမပြီးသေးပြန်ဘူး။ဆံပင်တုထပ်တက်ရသေးသည်။

  ဆံပင်တုတစ်ခုပြီးတစ်ခုတပ်နေခဲ့တာကြောင့် လူတစ်ကိုယ်လုံးလဲယားကျိကျိနဲ့ နေမရထိုင်မရဖြစ်လာခဲ့ရသည်။အချိန်အတော်အကြာအောင် ရွေးပြီးတယ့်နောက်ဆုံးမှာတော့ ဆံမှိတ်နဲ့ဆံပင်တုတစ်ခုက ကျွန်တော့်ခေါင်းထပ်မှာရောက်လာခဲ့လေသည်။

အချစ်ကိုယ်အစ်ကိုနဲ့စတင်ခြင်း...Where stories live. Discover now