Unicode
"ကင်မ်အန်နာ ဘာကိစ္စရှိလို့လဲ?"ထိုမိန်းကလေးရဲ့ ပုံစံကြောင့် ဂျီမင်းစိတ်ညစ်နေတယ့်အချိန်မှာပင် အစ်ကိုရဲ့ဩရှရှအသံလေးကိုယ်ကြားလိုက်ရတာ ကြောင့်သူအားတက်သွားခဲ့ရသည်။အစ်ကိုက လက်နှစ်ဖက်မှာကိုင်ထားတယ့်ပန်းကန်နှစ်ချပ်ကိုယ် စားပွဲပေါ်တင်ကာ ကျွန်တော့်လက်ကိုယ်လာဆွဲပြီး သူ့အနောက်ပို့လိုက်လေသည်။
"အိုး ယောင်းက အထိမခံဖြစ်နေတာဘဲ ။ကိုယ်ဘာမှမလုပ်ပါဘူး ဒီအတိုင်းစကားပြောရုံလေးပါ"
"မင်းမှာ အရှက်မရှိဘူးလား? "
"ဟင်..."
အစ်ကိုရဲ့ ပါးစပ်ကနေပြောလာခဲ့တယ့် စကားတစ်ခွန်းဟာ ကျွန်တော်တို့နှစ်ယောက်လုံး ကိုယ်ကြောင်အသွားစေခဲ့သည်။
"ဒီလိုပွဲအထိတောင် လာရဲတယ်ဆိုတော့ တော်တော်အရှက်မရှိတာဘဲနော်။တော်သေးတာပေါ့ ဒီပွဲမှာသတင်းထောက်တွေမရှိလို့ ။ရှိသာရှိရင်တော့ မင်းရဲ့အရှက်မရှိတယ့်မျက်နှာကိုယ် သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ ထပ်တွေ့ရအုံးမယ်။ ရွံဖို့ကောင်းလိုက်တာ..."
အစ်ကို့ရဲ့ ကြမ်းကြမ်းတမ်းတမ်း ပြောလာတယ့်စကားတွေကြောင့် ကင်မ်အန်နာလဲ မျက်စိမျက်နှာပျက်လို့နေခဲ့သည်။အရင်ကသူတို့နှစ်ယောက်ကိုယ် ကြည်နူးနေတယ့်ပုံစံတွေဘဲ မြင်ခဲ့ရတယ့်ကျွန်တော့်အဖို့တော့ ဒီမြင်ကွင်းကစိမ်းသက်လို့နေခဲ့သည်။
ကင်မ်အန်နာကတော့ ကျွန်တော့်လိုဘာမှမဟုတ်တယ့်လူကိုယ် မသိနိုင်ပေမဲ့လဲ ကျွန်တော်ကတော့ နာမည်ကြားရုံနဲ့တင် ရင်းနှီးလို့နေခဲ့သည် ။ ဘာလို့ဆို အစ်ကို့ရဲ့အချစ်တွေကိုယ်အပိုင်စားရထားတယ့် လူတစ်ယောက်ဖြစ်တာကြောင့် မနာလိုတယ်လို့ တော့ပြောလို့မရပေမဲ့လဲ အားတော့ကျခဲ့ရသည်။
"ယောင်း မင်းကိုယ့်ကိုယ်ဘယ်လိုတွေပြောနေတာလဲ?"
"ဘာလဲ?ငါပြောတာနည်းနေလို့လား? မင်းလိုမိန်းမမျိုးကိုယ် ဒီထက်တောင်ပိုပြောရမှာ သိလား? နောက်တစ်ခါငါ့မျက်စိရှေ့မှာပေါ်မလာနဲ့။မျက်စိရှေ့တင်မဟုတ်ဘူးဟာ ငါ့ပတ်ဝန်းကျင်မှာတောင် ခြေမချမိစေနဲ့ ။မင်းလိုမိန်းမမျိုးနဲ့ပတ်သတ်ရမှာရွံလို့ "
YOU ARE READING
အချစ်ကိုယ်အစ်ကိုနဲ့စတင်ခြင်း...
Fanfictionအချစ်တဲ့လား?ကျွန်တော်အချစ်ကိုယ် ဘယ်လိုမှမမြင်မိဘူး။ဘာလို့လဲဆိုတော့ကျွန်တော့်အချစ်ကအစ်ကိုဘဲလေ......။