အပိုင်း(7)U/Z

38.2K 1.8K 42
                                    

ဒီနေ့ဟာဆိုရင် နှိုင်းတို့ပြန်တော့မဲ့နေ့ဖြစ်တာကြောင့်  ကားပေါ်ကိုပစ္စည်းတွေတင်နေတာဖြစ်သည်  ။များပြားလှသောလက်ဆောင်တွေကြောင့်  အားနာ၍ မယူဘူးပြောသော်လဲ အတင်းပေးတာကြောင့်  ဆေးအဖွဲ့တွေအကုန်လုံးယူခဲ့ရသည်။

တောင်ပေါ်ဒေသ၏  အငွေ့အသက်တွေကို လွမ်းနေမိမှာအသေအချာ  သတိအရဆုံးဖြစ်မှာက  ဒိုစိုင်းဆိုသောကလေးငယ်ပင်ဖြစ်သည်။  နှိုင်းတို့သုံးယောက်ကို  ပန်းတွေပေးပြီး  ချစ်ပါရစေတဲ့လေ  ငိုရခက် ရီရခက်ဖြစ်ခဲ့ရသေးသည်မဟုတ်လား။

၁ပတ်နီးပါး နေခဲ့သော သူတွေက ပြန်တော့မယ်ဆိုတော့   အဘွားနှင့် မိုင်းမိုင်းကလည်း မျက်ရည်ဝဲနေလျက် ရပ်နေကြသည်  ။ဒိုစိုင်းကတော့  ​ မျက်ရည်ဘူးသီးလုံးလောက်ကြီးတွေနှင့်ငိုနေသည်။ နှိုင်းတို့ကိုယ်တိုင်လည်း မခွဲချင်ပါ  ဧည့်သည်ဆိုတဲ့သဘာဝက အချိန်တန် အိမ်ပြန်ရမည်လေ ခွဲခွာခြင်းကိုနှိုင်းကိုယ်တ်ိုင် မုန်းပါသည်။

"ဘွားဘွား သားတို့နောက်ခါအလည်လာခဲ့မယ်နော်..."

"လာခဲ့နော် ဒေါက်တာလေးတ်ို့ .."

"ဟုတ်..."

"တိမ်ယံတို့လာခဲ့ပါ့မယ် ဘွားဘွား .."

"လာခဲ့ပါဦး....ဒေါက်တာမလေး..."

"ဟုတ် ..ဟင့် .."

ဝမ်းနည်းတတ်သော   သစ္စာသည်ဘွားဘွားရင်ခွင်ထဲကို တိုးဝင်၍   ဖက်ခါ ငိုနေတော့သည်   ကံပါရင် ပြန်ဆုံရမှာမလား ။ 

" ဒိုစိုင်းကမငိုပါနဲ့   ...ကိုကိုတိမ်ယံတို့နောက်တခါကျအလည်လာခဲ့မယ်နော်.."

"ဟင့်...သားက...မပြန်စေချင်သေးတာကို..."

"ဟုတ်ပါကွာ...ကိုကိုတို့လည်းမပြန်လို့မရလို့ပါ...."

"သားကိုတစ်ယောက်မှလဲ  ..ပြန်မချစ်ကြဘူး..."

"ကိုကိုချစ်တယ်လေနော်..."

" တကယ်လား..."

"တကယ်ပါဗျာ...ချိုချဉ်စားမလား..."

"ဟုတ် .."

"ရော့...မိုင်းမိုင်းလေးရောယူ...မငိုနဲ့နော်...နောက်ကျအလည်လာခဲ့မယ် ..."

Doctor  Husband (Complete)Where stories live. Discover now