အပိုင်း( 31)U/Z

35.6K 1.2K 11
                                    

"ပြုံးပြုံးလေးနေပါ...သတို့သမီးလေးကလဲ..."

"ဘယ်လိုလုပ်ပြုံးနိုင်မှာလဲ ...."

နုတ်ခမ်းဆူ၍ ပြောနေတဲ့သစ္စာကြောင့်နှိုင်းမှာပြုံးမိသည်။
ဘယ်နှယ့်သတို့သမီးကနှုတ်ခမ်းကြီးဆူနေရတယ်လို့ သူစိတ်ဆိုးလည်းဆိုးချင်စရာပင်  တိမ်ယံလုပ်တာကလည်းမဟုတ်ပါ။

" ဘာပဲဖြစ်ဖြစ်နားလည်လိုက်ပေါ့သူလဲ ယောက်ျားလေးပဲ..."

"တော်ပါဟာ...မူးအောင်သောက်ပြီးတခြားကောင်မလေးကိုမှားဖက်ရတယ်လို့..."

" ငါတည်တံ့ကိုဆူလိုက်မယ်
သူကြောင့်ဖြစ်တာ...ဇွဲရောခန့်ပိုင်ကိုပါဆူရမယ်...."

"သူတို့နဲ့မဆိုင်ဘူး အဲ့ကောင်ကိုကလုပ်ချင်လို့ လုပ်တာ
.."

"ဟိုဟာတွေကမြှောက်ပေးတာကို..."

"စိတ်ပါမှလုပ်ရမှာပါဟာ...ကလေးတွေ‌မြှောက်ပေးတိုင်းလုပ်ရအောင်သူကပညာမတတ်တဲ့သူလဲ
မဟုတ်ဘူး...အသက်လည်းကြီး အကုန်လဲနားလည်တဲ့အရွယ်..."

"နင်ဟာလေမပြောလိုက်ချင်ဘူးပြုံးပါ...ပြီးကြရင်ခန်းမထဲဝင်ရတော့မှာ..."

"တော်ပြီ မဆောင်တော့ဘူး...."

"သစ္စာရယ် ..."

ဒီကလေးမ  ဂျစ်တိုက်နေတာဖြစ်သည်။တိမ်ယံကလဲ တိမ်ယံအငယ်တွေမြှောက်ပေးတိုင်းသောက်စရာလား  ငါလဲ
ဒီနှစ်ကောင်ကြောင့်စိတ်ညစ်ပါသည်။ တည်တံ့လည်း တွေ့မယ်မြှောက်မြှောက်ပေးတာ   ဆူမယ်လို့သာ တွေးရတာ အများကြီးလဲ
မဆူရက် မာမီကိုလွမ်းနေရှာတဲ့ကောင်လေးက နှိုင်းကြောင့်နဲ့  အဆင်ပြေချင်ယောင်ဆောင်နေတာသိပါသည်။

ခုဆိုမာမီဆုံးသွားတာ ၃ လကျော်နေပြီဖြစ်သည်။ နှိုင်းသတိမေ့သွားတဲ့နေ့ကစပြီး  အစားကိုပုံမှန်စား၍ မာမီလုပ်ငန်းတွေကိုလည်း သူငယ်ချင်းနှစ်ယောက်နဲ့ပေါင်းပြီး တိုးချဲ့လုပ်ကိုင်သည်။ ဗိုက်ထဲကကလေးအတွက်ဆိုပြီး  ဝယ်ပေးထားတာတွေကလဲ များလှသည်။ 

" နှိုင်း ...ငါရင်တွေခုန်လာပြီ..ဘာလို့လဲ မသိဘူး..."

"မဂ်လာဆောင်ရတာမို့လေ..."

Doctor  Husband (Complete)Where stories live. Discover now