အပိုင်း(28)U/Z

32.7K 1.3K 34
                                    

နှိုင်းမနက်အစောကြီးနိုးနေတာကြောင့် အိမ်ရှေ့ကို သန့်ရှင်းရေးလုပ်လိုက်သည်။ အိမ်ရှေ့သန့်ရှင်းရေးလုပ်ပြီး အိမ်ထဲကိုလုပ်ရသည်။ ခန္တာကိုယ်ကိုလည်းသန့်ရှင်းအောင် ရေချိုးလိုက်သည်။ ရေချိုးပြီးတော့ ဘုရားစင်က ပန်းအိုးတွေကိုချလိုက်၏။ ပန်းတွေညှိုးနေတာကြောင့် ဒီနေ့စျေးက ဘုရားပန်းဝယ်ရဦးမည်။ ပန်းအိုတွေကို ယူ၍ ရေကန်နားကိုပြန်လာပြီး ဆေးလိုက်သည်။ ပန်းအိုးက သုံးအိုးဖြစ်တာကြောင့် နှိုင်းနှစ်အိုးမြောက်ကိုဆေး၍ ရေကန်ပေါ်တင်လိုက်သည်။

"ခလွမ်း...အမယ်လေး..."

နှိုင်းတင်ထားတဲ့ဘုရားပန်းအိုးက ပြုတ်ကျပြီးကွဲသွားတာကြောင့်
လန့်သွားရတာဖြစ်သည် ။ဘုရားပန်းအိုးက မကွဲကောင်းဘူးဆိုတာ နှိုင်းသိပါသည်။ စိတ်ထဲမှာအနည်းငယ်လေးလန့်သွားရ၏။ စိတ်ထဲစွဲမနေနဲ့ဟု ကိုယ့်ဘာသာသတိပေး၍ ပန်းအိုးကို အမှိုက်တောင်းထဲထည့်လိုက်သည်။ စျေးမှာပန်းအိုးကို အသစ်ဝယ်ရမည်။

နှိုင်းအိမ်ကနေစျေးကိုထွက်လာလိုက်ပြီး ဟင်းချက်စရာတချို့နှင့်နှိုင်းစားချင်တာလေးရယ် တည်တံ့ကြိုက်တတ်တဲ့မုန့်လေးတွေကိုဝယ်လိုက်သည်။ ဘုရားပန်းအိုးနှင့် ဘုရားပန်းကိုလည်းမမေ့မလျော့ပဲဝယ်ခဲ့သည်။ စျေးကိုအကြာကြီး
မနေရဲ တည်တံ့လာမယ်ပြောထားတာ တော်ကြာနှိုင်းကိုမတွေ့လို့ စိတ်ပူနေလိမ့်မည်။

နှိုင်းအိမ်ကိုရောက်တော့မှသက်ပြင်းချရသည်။ တော်သေးတာပေါ့ တည်တံ့မရောက်သေးလို့ ဒီကလေးလဲနော် လာမယ်ဆိုပြီး ခုထိမလာသေးဘူး နှိုင်းကပဲစိတ်လောနေတာလားမသိပါ။ တည်တံ့ကြိုက်တတ်တဲ့ ကြက်သားလေးကိုကြော်၍ ချက်လိုက်သည်။ ငရုတ်သီးလေးကိုထောင်း၍ ချည်ရည်လေးပါကျိုထားလိုက်သည်။ ထမင်းအိုးကလည်းကျက် ဟင်းကလည်းကျက်တဲ့အထိ တည်တံ့ကမလာသေးပါ။

ဒီတစ်ခါပြုတ်ကျလည်း
မကွဲအောင် ပန်းအိုးကို မြေအိုးမဝယ်ပဲ ကျေးအိုးသာဝယ်ခဲ့လိုက်သည်။ နှိုင်းဘုရားပန်းတွေကို လှလှလေးသပ်ရပ်စွာထိုး၍ ဘုရားကိုတင်လိုက်သည်။ ဘုရားရှိခိုးပြီးမှ နှိုင်းအလုပ်တွေပြီးတော့သည်။ စျေးကဝယ်လာတဲ့ ပန်းသီးကိုလည်း ဘုရားကိုကပ်ထားသေး၏။ အမွှေးနံသာတိုင်လည်း ထွန်းထားသည်မှာ ကျက်သရေရှိလှသည်။ ပန်းအိုးကွဲတာက နှိုင်းစိတ်ထဲစွဲ၍ လေးနေသေးသည်။

Doctor  Husband (Complete)Where stories live. Discover now