အပိုင်း(17)U/Z

36.8K 1.8K 90
                                    

"ဆေးရုံသွားရအောင်...တည်တံ့..."

"တော်ပြီ .."

"ခေါင်းမမာစမ်းနဲ့ကွာ.."

"ငါဘာမှမဖြစ်ဘူးလို့..."

"မင်းကိုယ်တွေဒီလောက်ပူကျစ်နေတာကို..."

မနေ့က မိုးရွာကြီးထဲ   ဇွဲ club ကို အက်ျီရေစိုကြီးနဲ့ရောက်ချလာသည်။ဘာမေးမေးမ​ဖြေပဲ သောက်သာနေသည်။ မနေ့ကမိုးမိတာကြောင့်  သူတောင်းစားကဒီနေ့ကိုယ်တွေ အရမ်းပူနေလို့ ဆေးရုံသွားပြရအောင်ဆိုတာကို  ငြင်းသာနေ၏။ ကြာတော့ ဇွဲ စိတ်မရှည်ဖြစ်ရသည်။

" ငါဘာမှမဖြစ်ဘူး..အိပ်လိုက်ရင်သက်သာမှာ..."

"မင်းကိုယ်ကတအားပူနေတာကွ..."

"သေတော့မသေပါဘူး..."

"ကန့်လန်မတိုက်ပါနဲ့  ..တည်တံ့ရာ.."

" မသွားချင်ဘူး..."

"မင်းတအားခေါင်းမာတယ်....စိုင်းတည်တံ့ဉီး....ဟျောင့်...ဟာကွာ...တောက်စ့်အဲ့ကြောင့်သွားမယ်ပြောတာကို...ငြင်းချင်ဦး..."

ဇွဲကို ဆေးရုံမသွားချင်ဘူးဟု ငြင်းနေသူမှာ စကားပြောနေတုန်း  သတိလစ်သွားသည်။ ဇွဲမှာ စိတ်လည်းပူရ စိတ်လည်းတိုရသည်။ ဒီကောင်ဟာ  တအားခေါင်းမာ၏။ ဆေးရုံသွားဖို့ တစ်နာရီလောက်ရှိပြီပြောနေရတာ အခုတော့မသွားလို့မရ  ဇွဲကိုယ်တိုင်က ဘာမှမလုပ်တတ်ပါ။ သူခန္တာကိုယ်ကြီးကို မနိုင်တာကြောင့်  ဆိုင်ကလူတစ်ယောက်ကိုခေါ်၍  ကားပေါ်ကို ပွေ့ တင်ရသည် ။

" စိုင်းတည်တံ့ဉီးမင်းဟာလေ...ပစ်ထားရမှာ...တစ်ခုခုသာဖြစ်သွားလို့ကတော့ ...မင်းနာဖို့ပြင်ထား..."

ဇွဲမှာ စိတ်ပူပူဖြင့် ကားကိုမြန်မြန်မောင်းနေရသည်။ မနက်အစောကြီးဖြစ်တာကြောင့် ကားလမ်းက ပိတ်နေတာကြောင့် ဟွန်းကို ကြမ်းတမ်းစွာ  ထုလိုက်သည်။ တစ်ခုခုဆို ဇွဲက စိတ်ရှည်တတ်ပါသည်။ အခုတော့ ဇွဲစိတ်မရှည်နိုင်ပါ  နောက်ခန်းထဲက ဆိုင်ကကလေးလက်ပေါ်မှာ ကိုယ်ပူလွန်ပြီး သတိမေ့နေသော သူငယ်ချင်းဖြစ်သူကြောင့်ပင်ဖြစ်သည်။

" တောက်စ့်...."

ဇွဲကားထွက်ရသည်နှင့်  ကြမ်းတမ်းစွာ မောင်းတော့သည်။ တိမ်ဆေးရုံကြီးရှေ့ကိုရောက်မှ  အနည်းငယ်သက်ပြင်းချနိုင်၏။ ကားပေါ်ကမြန်မြန်ဆင်း၍   တည်တံ့ကို ကျောပိုးခေါ်ရသည်။ ထိုအချိန်တွင် ကားပေါ်က ဆင်းလာသော အမသစ္စာကိုမြင်တာကြောင့် ဝမ်းသာသွားရသည်။ ဇွဲလည်းတုံ့ဆိုင်းမနေပဲအော်ခေါ်လိုက်သည်။

Doctor  Husband (Complete)Where stories live. Discover now