အပိုင်း(24)U/Z

33.2K 1.4K 132
                                    

တိမ်ယံတို့က စားသောက်ပြီးမှပြန်သွားကြသည်။သူတို့ပြန်သွားတော့ နှိုင်းလဲ ကိုယ့်အခန်းကိုဝင်လာ၍သာ နေလိုက်သည်။ တည်တံ့ကတော့ ဇွဲတို့နဲ့ဘီယာသောက်နေသေး၏။ တည်တံ့လဲ အပေါ်ကိုတက်မလာသေးတာကြောင့် နှိုင်းလဲရေချိုးရန်ဆုံးဖြတ်လိုက်သည်။

ရေချိုးခန်းထဲကို ဝင်လာ၍ အဝတ်အစားတချို့ကိုလျှော်လိုက်ပြီး ရေချိုးလိုက်၏။ ရေချိုးပြီးတော့ညဝတ်တွေ ဝတ်ပြီးလှဲအိပ်နေလိုက်သည်။ တည်တံ့က အခုချိန်ထိမလာသေးတာကြောင့် ပျင်းလာ၏။ ထို့ကြောင့် အပျင်းပြေ ဖုန်းကြည့်နေလိုက်သည်။ နှိုင်းဖုန်းကြည့်နေတုန်း ရင်ထဲကပျို့တက်လာ၍ အန်ချင်လာတာကြောင့် ရေချိုးခန်းထဲကိုပြေး၍ ဘေစင်တွင် ထိုးအန်ရသည်။

အန်ပြီးတာကို ရင်ထဲမှာနေလို့ထိုင်လို့မကောင်းသေး ထိုအခါမှာ နှိုင်း ဆေးစစ်ရန်မေ့နေတာကိုသတိရမိသည်။ ရေချိုးခန်းထဲက ပြန်ထွက်၍ ဆေးရုံကယူလာတဲ့ အိတ်ထဲက ဆေးစစ်တံကိုထုတ်လိုက်သည်။ ရေချိုးခန်းထဲပြန်ဝင်လာ၍ တံခါးကိုသေချာပိတ်လိုက်သည်။

နှိုင်းရင်ထဲမှာ ဗလောင်ဆူ၍ စိတ်လှုပ်ရှားနေ၏။ တိတ်ဆိတ်နေတာမို့လားမသိ ကိုယ့်ရင်ခုန်သံကိုပြန်ကြားနေရသည်။ လူကလဲခန္တာကိုယ်တစ်ခုလုံးက တုန်ခိုက်နေသည်။ အကယ်၍ ဗိုက်ထဲမှာကလေးကရှိနေခဲ့တယ်ဆိုရင် တည်တံ့သိရင်ပျော်မှာလား ၊ ငိုမှာလား နှိုင်းစိတ်တွေတအားလှုပ်ရှားလာသည်။

အချိန်ဆွဲမနေတော့ပဲ ဆေးစစ်တံဖြင့် ဆီးကို စစ်လိုက်သည် ။ လက်တွေတုန်၍ အဖြေကို စိတ်လှုပ်ရှားစွာသိချင်နေပြီးဖြစ်သည်။ ၅မိနစ်လောက်ကြာတော့ လက်ထဲက ဆေးစစ်တံကို ကြည့်လိုက်သည်။ ​မြင်လိုက်ရတဲ့ မျဉ်းနီနှစ်ကြောင်းကြောင့် လက်တွေတုန်၍ မျက်ရည်တွေကျလာရသည်။

နှိုင်းကိုယ့်ဗိုက်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ ဒီဗ်ိုက်ထဲမှာတကယ့်ကိုနှိုင်းတို့ကလေးလေးရှိနေပြီပေါ့ မာမီနဲ့တည်တံ့ သူငယ်ချင်းတွေသာသိရင်ဘယ်လိုနေကြမလည်း ပျော်ကြမယ်လို့နှိုင်းထင်ပါသည်။ ရေချိူးခန်းထဲမှာအကြာကြီးဘဲ ပျော်လွန်းလို့ သတိလက်လွတ်အကြာကြီးနေနေမိသည်။

Doctor  Husband (Complete)Kde žijí příběhy. Začni objevovat