အခန်း ၄

8.9K 728 53
                                    

Unicode

သျှား ဒီနေ့လည်း မနက် လင်းကြက်မတွန်ခင်အချိန်လောက်တည်းကနိုးနေပေပြီ။ ပြင်းလွန်းသည့် ကိုကျော်စွာ လက်ဆသည် ၃ ရက်ကျော်သည့်တိုင် မပျောက်သေး။

ပက်လက်အိပ်ချမိတိုင်း ကျောမှနာကျင်မှုသည် အနည်းငယ်လျော့သွားသည်မှလွဲ တဆစ်ဆစ်နှင့်။ ဒါတောင်ကိုကျော်စွာ ဆေးလိမ်းပေးထားလို့။

အအေးဓါတ်စိမ့်လာပြီကြောင့် ဂွမ်းစောင်အထူကိုဖယ်တော့ လက်နှစ်ဖက်ကိုပွတ်သပ်နေမိသည်။ စခန်းအရှေ့ဘက်တွင်တော့ မီးပုံပုံကာမီးလှုံနေကြပြီဖြစ်သည်။

"ဒီနေ့စောနိုးပါလား သျှား"

"ရေနွေးရှိလား"

"အေး.....လာယူ"

နိုးရင်တောင် အခန်းထဲပဲအချိန်ကုန်နေတတ်သည်ကြောင့် ဒီနေ့မှ စောစောစီးစီးအပြင်ထွက်လာသည့်သျှားကိုတပ်သားတွေက လှမ်းနှုတ်ဆက်၏ ရေနွေးအနည်းတောင်းတော့ ပွက်ပွက်ဆူနေသည့်ထဲမှ သျှားကို တစ်ကျိုက်စာကမ်းပေးလာသည်။

ရေနွေးခွက်ပူပူကို ကိုင်းမှကိုင်ရင်း မီးဖိုဆောင်ဘက်အရင်ပြေးရသည်။ အေးစိမ့်စိမ့်ရာသီဥတုကအနည်းငယ်တုန်ခိုက်၏ စားဖိုဆောင်ထဲ မနက်စာအတွက်ပင်မပြင်သေးသည်ကြောင့် သျှားကို စားဖိုဆောင်မှ ထမင်းချက်တာ၀န်ယူဦးလေးကထူးဆန်းသလိုလှမ်းကြည့်၏

"ကျွန်တော် တစ်နေ့ကယူလာတဲ့ကောက်ညှင်းလက်ဖက်လေး နည်းနည်းပေးဦးလေး"

"အရှေ့ကကြောင်အိမ်အောက်ထပ်မှာ သျှား။ ခေါင်းဆောင်အတွက်ဆိုလို့ သေချာသိမ်းပေးထားတာ"

"ဟုတ်တယ်။ ဦးမာန်အတွက် ဦးလေး"

"သျှား တို့ကအရိုက်ခံထားရရင် အချိုးတစ်ချိုးဟေ့"

ကြောင်အိမ်ကိုဖွင့်ရင်းလက်ဖက်ခြောက်ကိုယူကာ ထမင်းချက်ဦးလေး၏ အပြောကိုတစ်ချက်သာပြုံး၍ နားထောင်နေမိသည်။ လုပ်သက်ကြာနေပြီဖြစ်သည့် ဦးလေးက သျှားအကြောင်းကိုကောင်းကောင်းသိနေပြီကိုး။

"ကော်ဖီကြမ်းနဲ့ သကြားက စင်ပေါ်ကဟာယူသွားချေ"

"ဟုတ်....ဒီနေ့မနက်စာဘာလဲ ဦးလေး"

Smile Sparkle ShineWhere stories live. Discover now