အပိုင်း ၁၁

8.5K 763 62
                                    

Unicode

"ကို ကျော်စွာ"

"ပြော သျှား"

"ဦးမာန်ဆီ ကျွန်တော့် အဖေက ဆက်သွယ်နေတယ်မလား"

"ဘာကိုလဲသျှား"

စာရွက်တချို့လှန်လှောကာ စာရင်းစစ်နေတုန်း သျှားမေးလာသည့် စကားကြောင့် လုပ်လက်စအလုပ်ကို ရပ်ကာ သျှားကို စောင်းငဲ့ကြည့်မိသည်။

"ကျွန်တော့်ကို ဘယ်တော့ ပြန်လာခေါ်မယ်လို့ ပြောတာမျိုး ဦးမာန်ဆီက ကြားမိသေးလား"

"မကြားမိဘူး.......ဘာဖြစ်လို့လဲ"

"ဗျာ...........အာ.....ဒီတိုင်းမေးကြည့်တာ။ ဦးမာန်က အဲ့ဒီ့အကြောင်းမပြောတာကြာပြီလေ။ ဟိုတစ်နေ့ကမှ ပြောလာလို့ အဲ့ဒါ........ကို ကျော်စွာများသိမလားလို့"

ကျော်စွာကို မကြည့်ဘဲ အရှေ့မှ စာရွက်တွေကို ဟိုလှန်ဒီလှန်လာလုပ်နေသည့် သျှားက မျက်နှာတော့သိပ်မကောင်း။ training လုပ်ပြီးပြီးချင်းလာခဲ့သည်ကြောင့်ထင်၏ ခပ်ပွပွမီးခိုးရောင်လက်ပြတ်အင်္ကျီ၏ ရင်ဘတ်နှင့်ကျောဘက်တွင်ချွေးတို့ရွဲနသ်နေ၏ လွန်ခဲ့တဲ့ရက်ကတည်းက ကျော်စွာကို ကွက်ကြည့်ကွက်ကြည့်နှင့်လုပ်နေသည်က ဒါမေးဖို့ထင်၏

ခေါင်းဆောင်အရှေ့မှလွဲ ကျန်တဲ့အချိန်တွေဆိုပျော်ပျော်နေတတ်သည့်သျှား က သူ့အဖေအကြောင်း အသံကြားရတိုင်းမျက်နှာပေါ်အပြုံးတွေပျောက်ကွယ်သွားတတ်သည်။မိသားစုကပေးတဲ့ ဒဏ်တွေကို ကျော်စွာလည်းခံစားရခဲ့ဖူးသည်ကြောင့် ဒါကို ကျော်စွာကောင်းကောင်းနားလည်သည်။ဒီကောင်လေးခံစားခဲ့ရသည့် လောကဓံတွေက ငယ်ငယ်တည်းက အရွယ်နဲ့မှ မမျှခဲ့ဘဲ။

"မင်းအဖေဆီက ခေါင်းဆောင် အဆက်အသွယ်ရရင် ငါမသိစရာအကြောင်းမရှိဘူးလေသျှား။ တစ်ခုခုဆို ငါပြောပြမှာပေါ့။ စိတ်ထဲအများကြီးတွေးမနေနဲ့။ ခေါင်းဆောင်အကြောင်းလည်းသိရဲ့နဲ့။ ကတိတစ်ခုပေးထားရင် အဲ့ဒါကို တည်ဖို့ အစွမ်းကုန်ကြိုးစားတော့တာ"

"ဟုတ်"

"သွားတော့......မင်းလေ့ကျင့်ရေးအချိန်မလား။ လေ့ကျင့်ရေးချိန်တွေထပ်မပျက်ဖို့ ခေါင်းဆောင်ပြောထားတယ်ဆို"

Smile Sparkle ShineWhere stories live. Discover now