အပိုင်း ၉

9.1K 761 97
                                    

Unicode

ချည်အင်္ကျီအဖြူကိုရင်ဘတ်မှကြယ်သီးများဟကာဝတ်ထားပြီး ပျောက်ကျားဘောင်းဘီဝတ်ထားသည့် ဉီးမာန်ကကျောက်တုံးတစ်တုံးပေါ်ခြေတင်ရင်း ခါးထောက်မတ်တပ်ရပ်နေသည်။

အရှေ့ဘက်ကွင်းထဲ အားမာန်အပြည့် တစ်ညီတညွတ်တည်းလေ့ကျင့်နေကြသည့် အဖွဲ့ဝင်အသစ်များ၏ လေ့ကျင့်မှုကို မျက်ခုံးများတွန့်ချိုးကာ မမှိတ်မသုန်စိုက်ကြည့်နေ၏

ခါးတွင်ထိုးထားသည့်ပစ္စတိုနှင့် လက်ကိုင်အနက်ရောင်ရှိသည့်ဓါးမြှောင်ကတော့ ဉီးမာန်၏ လက်စွဲတော်များဖြစ်သည်။ ခေါင်းဆောင်ဟူသည့် အရှိန်အဝါသည် တငွေ့ငွေ့မို့ ဉီးမာန်ရှိနေသည်ကြောင့်ကွင်းထဲအဖွဲ့ဝင်ဟောင်းများမှအစမည်သူမျှလက်လွှတ်စပါယ်မလုပ်ရဲ။

ပညာတတ်လူတန်းစားနည်းပါးပေမယ့် ဒီဒေသ ဒီနယ်ပယ်တွင် အရေးအကြီးဆုံးက သစ္စာတရားကိုအသက်လိုကိုးကွယ်ကြရန်ပင်ဖြစ်သည်။

ဒီဒေသတွင် အင်အားစုဆောင်းမှုသည်အရေးပါသည်။ များပြားလှသည့်အမည်အမျိုးမျိုး နှင့် နေရာဒေသခွဲအုပ်ချုပ်နေကြသည့် အဖွဲ့အစည်းများသည်ဒုနဲ့ဒေး။ မိမိအဖွဲ့အစည်းအင်အားကြီးမားစေဖို့ လုပ်ဆောင်လို့ရနိုင်သည့်နည်းသည် ၃ နည်းရှိသည်။

၁။ မဟာမိတ်ဖွဲ့ရန်
၂။ အင်အားသစ်စုဆောင်းရန်
၃။ မတရားကျူးကျော်သိမ်းပိုက်ရန်

ထိုနည်းလမ်း ၃ ခုထဲမှ အင်အားသစ်စုဆောင်းခြင်းကိုသာတစိုက်မတ်မတ်လုပ်ဆောင်သည့် ဉီးမာန်သည် မည်သည့်အခါမျှ တစ်ပါးသူနယ်မြေကိုမတရားမကျူးကျော်တတ်။ ကျူးကျော်တိုက်ခိုက်သည့်မည်သူ့ကိုမဆိုလည်း ရက်ရက်စက်စက်နှိမ်နင်းပစ်ဖို့ဝန်မလေးတတ်။

ထို့ကြောင့်လည်း တရားမျှတမှုနှင့် အဖွဲ့ဝင်တွေအပေါ် အုပ်ချုပ်တတ်သည့် ဉီးမာန်လက်အောက်သို့ဝင်ရောက်ခိုလှုံချင်သူများသည်လည်းတကူးတက ရှာဖွေစရာမလိုသည်ကြောင့် ဉီးနှိုင်းမာန်နက္ခတ် ဉီးဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့သည် ဤဒေသတွင်းသြဇာညောင်း၏

သြဇာကြီးမားလာလေ မဟာမိတ်ဖွဲ့ချင်သူတွေများလာပေမယ့် ဉီးမာန်ကတော့ သူစိတ်တိုင်းမကျသည့်အဖွဲ့အစည်းဆိုမည်သည့်အခါမှ လှည့်မကြည့်တတ်။ ထို့ကြောင့်လည်း ဒီနေ့သည်အနည်းငယ်ထူးခြားသည်။

Smile Sparkle ShineWhere stories live. Discover now