EPISODE 1

424 35 8
                                    

လူသူအရောက်အပေါက်နည်းတဲ့ လမ်းကြားလေးထဲမှာ စကားများနေကြသော ၁၅နှစ်အရွယ်ကောင်လေးနှင့် ၁၀နှစ်အရွယ်ကောင်လေးတစ်ဦး

" ကိုကို ကျွန်တော်လေ "

" Jay မင်း ငါ့နောက်ကို ဆက်လိုက်မလာနဲ့လို့ ငါမပြောထားဘူးလား "

ဟိန်းထွက်နေသော ကိုကိုရဲ့အော်သံကြောင့် ‌Jay နေရာတင်ရပ်နေမိပါသည်၊ ကိုကိုက တကယ်ကိုကြောက်ဖို့ကောင်းပါသည်၊ ကိုကို သူ့ကိုဒီနေရာမှာတင် ထားခဲ့မှာကို သူကြောက်ပါသည်။

" မင်းဘာသာ သွားချင်တဲ့နေရာကိုသွား "

" ကျွန်တော်မသွားတတ်ဘူး ကိုကို "

စကားပြောနေရင်းနဲ့ကို Jay ဟာ မျက်ရည်များ တရပ်စပ်ကျလာကာ အသံတိတ်ငိုနေပါသည်၊

" ဟာ မင်းတော့ မငိုနဲ့ ခုတိတ် အဲ့မျက်ရည်တွေကို သုတ်လိုက် မေမေတို့မြင်ရင် မင်းအသေပဲနော် "

" ဟုတ်ကိုကို "

ဒီအရှုတ်ထုတ်လေးကြောင့် Jongwoo တကယ် စိတ်ကုန်မိပါသည်၊ တစ်ချိန်လုံးသူ့အနားမှာပဲကပ် တွယ်နေတာ သူလုပ်ချင်တာကိုမလုပ်ရပါ။

Jay က သူ့ကိုအမြဲတမ်းအလိုလိုအနှောင့်အယှက်ပေးတတ်ပါသည်၊ Jongwoo ဒီကလေးကို နည်းနည်းလေးမှ မချစ်ပါ၊ သူမရတဲ့အရာများကို Jay က အမြဲတမ်း အလိုလို ရတတ်တယ်၊ အရမ်းကိုကံကောင်းတယ်၊ အဲ့ဒီလိုမျိုး ကံကောင်းနေတာကို Jongwoo မနာလိုမိပါသည်၊ သူ့ကိုမေမေတို့မွေးစားခဲ့ရတဲ့အကြောင်း အရင်းကလဲ ဒီကလေးကြောင့်တဲ့လေ ဘယ်လိုတောင် စောက်ကျိုးနည်း လောဂျစ်ကြီးလဲ

Jongwoo အဲ့နေ့ကို အမြဲအမှတ်ရနေမိတယ်၊

" MOTHER HUG " ဆိုတဲ့ မိဘမဲ့ဂေဟာတစ်ခုမှာအနောက်တိုင်းမျက်နှာပေါက်နဲ့ အသက်ငါးနှစ်ရွယ် ချစ်စရာကလေးလေးဟာ စုံတွဲတော်တော်များများအတွက် မျက်စိကျစရာဖြစ်ခဲ့တယ်၊ သို့ပေမယ့် Jay က ဘယ်သူ့ဆီမှကို မလိုက်ခဲ့ပါ၊ သူ့ကိုပါမခေါ်လျှင် ဘယ်သူမွေးစားတာမှ မခံဘူးဆိုပြီး အမြဲငိုယိုနေတတ်တဲ့ ကလေး၊

ဒီလိုခေတ်ကြီးထဲမှာ ၁၀ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ ၅ နှစ်အရွယ်ကလေးတစ်ယောက်ကို တစ်ပြိုင်နက် မွေးစားဖို့ဆိုတာက တော်တော်ကို ခက်ခဲလွန်းပါတယ်၊ တစ်ချို့လူချမ်းသာစုံတွဲတွေဖြစ်ပေမယ့်လည်း သူ့ကိုမလိုချင်ကြလို့ မမွေးစားကြတော့တာမျိုးလည်း ရှိပါတယ်။

TOXIC Where stories live. Discover now