EPISODE 8

187 25 4
                                    

အပြင်မှာမိုးတွေရွာနေပြီ ကိုကိုကခုထိအိမ်ကို ပြန်မလာသေး၊ Jay ကိုကို့ကိုမျှော်နေမိသည် ကိုကို့ကို တွေ့ချင်နေပေမယ့် ကိုကိုနဲ့တွေ့ရင် သူဘယ်လိုနေရမလဲဆိုတာ မသိ၊ ကိုကို့ကို သူဘယ်လိုမျိုးဆက်ဆံရမလဲ ဆိုတာကို သူတစ်ယောက်တည်း မျိုးစုံတွေးနေမိသည်၊

အဲ့ဒီကိစ္စဖြစ်ပြီးကတည်းက သူခုထိ ကိုကိုနဲ့မ‌တွေ့ရသေး၊ ကိုကို ခရီးသွားတဲ့ရက်‌တွေမှာ သူအမျိုးမျိုး စဉ်းစားခဲ့ပြီးပြီ၊ သူအဖြေကို ကောင်းကောင်းသိသွားပြီ၊ ကိုကိုနဲ့သူရဲ့ဆက်ဆံရေးက ဘယ်လိုဖြစ်သွားမလဲ၊

Jayတစ်ယောက်တည်းမျိုးစုံတွေးရင်းရင်ခုန်နေမိ သည်၊ ကိုကိုဒီနေ့ခရီးကပြန်လာမည်၊ တဖြေးဖြေး ကုန်လာတဲ့အချိန်တွေလိုသူ့ရဲ့ရင်ခုန်သံတွေကလည်း တဖြေး‌ဖြေးပိုလို့ မြန်လာပါသည်၊

အိမ်ရှေ့မှာထိုးရပ်သွားသော ကားတစ်စီးကိုတွေ့လိုက်ရသည်၊ ဒီအချိန်အိမ်ကိုလာသည်ဆိုတာ ကိုကိုတစ်ယောက်ပဲရှိတာမို့ Jayအပျော်လွန်သွားရသည်၊ သူ့ရဲ့ကိုကိုပြန်လာပြီ ကိုကို့ကိုသွားကြိုရမည်၊

Jayအမြန်ပဲအိမ်အောက်ကိုပြေးဆင်းလိုက်သည်၊ ‌ထီးယူကာ ကိုကို့ဆီသူမြန်မြန်သွားရပါမည်၊တွေ့ပါပြီ ကားထဲကထွက်လာသောသူ့ကိုကို၊ ကိုကို့ကိုလိုက်ပို့သောတစ်ယောက်လည်းကားပေါ်က ဆင်းလာတယ်၊ ထို့နောက်သူတို့စကားပြောနေရတာကို Jay မြင်နေရပါသည်၊

တ‌ဖြေးဖြေးနဲ့ Jayခြေလှမ်းတွေကခပ်သွက်သွက် ဖြစ်လာပါသည်၊ ဒီနေ့မှအိမ်ကနေ ခြံတံခါးဆီက အနည်းငယ် ပိုဝေးနေသယောင် လမ်းလျှောက်ရတာ ပိုပြီး ကြာနေသယောင်ရှိပါသည်၊

" ကိုကို "

ဒီလူကိုအပြေးလေး လာကြိုကာမှ မြင်လိုက်ရသည့် မြင်ကွင်းက Jay ရဲ့ရင်ခွင်ကို ဓားနဲ့ခွဲခံလိုက်ရသလို၊ ကိုကိုက သူ့ရဲ့ကိုကိုကလေ အဲ့ဒီလူနဲ့ နမ်းနေတယ်၊ အဲ့ဒီလူရဲ့လက်တွေက ကိုကို့ရဲ့ခါးပေါ်မှာ၊

မနာလိုလိုက်တာ ကျွန်တော့်အတွက်မဟုတ်တဲ့ ကိုကို့ကို တစ်ယောက်တည်း စိတ်ကူးနဲ့ရူးနေခဲ့တာပဲ၊ အသိတရားမရှိလိုက်ပုံများ တကယ်ရယ်ရတယ်၊ ကိုကိုကဘယ်တော့မှ ကျွန်တော့်ကိုလိုချင်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်မေ့နေလိုက်ပုံများ၊

TOXIC Hikayelerin yaşadığı yer. Şimdi keşfedin