EPISODE 15

204 27 4
                                    

ကိုကို့အနမ်းတွေကနေ သူလွတ်မြောက်လာတော့ အနည်းငယ်မောဟိုက်လို့နေသည်၊ကိုကိုဟာသူ့ကို ပြုံးယောင်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လို့နေသည်၊ရုတ်တရက်ဆိုသလိုကိုကို့မျက်ဝန်းတွေကအရောင်ပြောင်းလို့သွားတယ်၊နောက်ပြီးကိုကိုက သူ့ကိုကြည့်ပြီး ဒီလိုမျိုးဆိုလာတယ်၊

"ကိုကိုကလွဲပြီးတခြားသူကိုမကြိုက်ပါနဲ့ မဟုတ်ဘူး၊ နည်းနည်းလေး‌‌တောင် စိတ်ဝင်စားဖို့ရာ မစဉ်းစားပါနဲ့ ကိုကိုခွင့်မပြုဘူး "

" ဘာလို့လဲ "

သူသိချင်ပါတယ်၊ ကိုကို့ရဲ့အကြောင်းပြချက်ဟာဘာလဲဆိုတာကို၊

" ကိုကိုက ကျွန်တော့်ကို ကိုကိုကြိုက်သလိုလုပ်လို့ရတယ်လို့ သဘောထားနေတာလား၊ကျွန်တော်က ကိုကို့ကိုတကယ်စိတ်မဆိုးနိုင်လောက်ပါဘူးလို့ ကိုကိုတွေးနေတာလား "

" မဟုတ်ပါဘူး "

သူဒီလိုပြောတော့ကိုကိုက ပြာပြာသလဲငြင်းလာတယ်၊ ရုတ်တရက်သူ့မျက်ဝန်းတွေကမျက်ရည်စတွေကျဆင်းလာတော့ ကိုကိုဟာအထိတ်တလန့်၊

" ‌ငိုနေတာလား ကိုကိုတကယ်အဲ့လိုမတွေးရပါဘူး နောက်တစ်ခါထပ်မလုပ်တော့ဘူး မင်းမကြိုက်ရင် တကယ် ကိုကိုနောက်တစ်ခါမင်းကိုမထိတော့ဘူး ကတိပေးတယ် နော် မငိုပါနဲ့တော့ "

ကိုကို့အသံတွေဟာချိုသာတယ်၊ဂရုဏာသက်ဝင်နေတဲ့အသံ၊သူ့ကိုမဆူရက်မငေါက်ရက်တဲ့ပုံစံမျိုးပါ၊ပြောင်းလဲလာတဲ့ကိုကို့ပုံစံကတကယ်ကိုအံ့ဩစရာပါ၊အရင်ကသူ့ကိုဆိုချိုချိုသာသာပြောလေ့ မရှိတဲ့ကိုကိုကလေသူမတော်တဆဖြစ်ပြီးတဲ့နောက်ပိုင်းမှာသိသိသာသာပြောင်းလဲလာခဲ့တယ်၊

" ကျွန်တော် ကိုကိုကလွဲပြီးတခြားသူကိုမချစ်နိုင်ဘူးလို့ ထင်နေတာလား "

" Jay "

" ကိုကိုတောင်းပန်ပါတယ် အဲ့လိုထပ်မပြောပါနဲ့ "

" ကျွန်တော် ကိုကို့ကိုထားသွားမှာ "

ဒါဟာ ကိုကို့အတွက်ခြိမ်းခြောက်တဲ့စကားမျိုးဖြစ်မလား၊ တစ်သက်လုံး အလျော့ပေးခဲ့ပေမယ့် ဒီတစ်ခါတော့ ကိုကို့ကို အနိုင်ယူလို့ရတယ်မလား၊

TOXIC Where stories live. Discover now