EPISODE 6

170 23 16
                                    

" အဲ့တော့ မင်းဘယ်လိုလုပ်မှာလဲ "

" မသိတော့ဘူးကွာ "

Jongwoo တစ်ယောက် Hyung နဲ့ ပတ်သတ်ပြီး ဖြစ်နေတဲ့ သူ့ရဲ့ခံစားချက်တွေကို Seung Hwan ဆီလာပြီးရင်ဖွင့်နေခြင်းဖြစ်သည်၊သူတကယ်ရှေ့ဆက် ဘယ်လိုလုပ်ရမလဲမသိဖြစ်နေတာဖြစ်တယ်၊

သူ့အတွက်တိုင်ပင်စရာဆိုလို့ Seung Hwan ပဲရှိတာမဟုတ်လား၊အမြဲတမ်းသူ့အတွက် အကောင်းအဆိုးကို ခွဲခြားပေးတတ်တဲ့ သူငယ်ချင်းမို့၊ အခုလိုမျိုးအားကိုတချည်းလာတိုင်ပင်ခြင်းဖြစ်သည်၊ သူဒီလပိုင်း အကြိမ်ကြိမ် အခါခါစဉ်းစားဆုံးဖြတ်ပြီးမှ ရောက်လာခဲ့ခြင်းဖြစ်သည်၊

" ဖွင့်ပြောလိုက်လေ "

" ဖြစ်ပါ့မလား "

စိုးရိမ်မိတယ် သူတကယ်စိတ်ပူနေမိသည် ၊သူ့ကိုအလုပ်လုပ်ဖို့ကမ်းလှမ်းပေးပြီးအခုလိုမျိုးအဆင် ပြေပြေနေနိုင်အောင် လုပ်ပေးထားတာကို၊ သူက ခုလိုမျိုးကျ အခွင့်ကောင်းယူမိသလိုများဖြစ်သွားမလား၊ Hyungသူ့ကိုစိတ်ဆိုးသွားမှာကိုလည်း သူတကယ် ကြောက်ပါတယ်၊

" မင်း သူ့ကိုသဘောကျတာသေချာတယ်ဆိုရင် ဖွင့်ပြောလိုက်၊မဟုတ်ရင် မင်းတစ်ယောက်တည်း ကြိတ်ခံစားနေမလို့လား၊သူကရောသဘောကျနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ "

" အဲ့လိုလည်း ဟုတ်တယ်နော် "

" ငါကတော့ ကိုယ့်ခံစားချက်တွေကို ပေးသိလိုက်တာ ပိုကောင်းမယ်လို့ထင်တယ်၊ မြိုသိပ်ထားပြီး နှစ်ယောက်လုံးကသဘောကျရဲ့သားနဲ့ လွဲသွားတဲ့အဖြစ်က ရင်အနာရဆုံးပဲ "

" အင်း "

" တကယ်လို့ ငြင်းရင်လဲခံလိုက်ပေါ့ ငါ့ကောင်ရာ "

" မင်းကလဲ ပါးစပ်ပုပ်ကြီးနဲ့ "

" ငါကမှန်တာပြောတာကို မင်းကငြင်းတော့ ငြိမ်ခံမနေဘဲ ကားတင်ပြေးမှာမို့လား "

" အင်း "

" တကယ်ကြီးလား "

Jongwoo တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတုန်းမို့ အင်းလို့ပြောလိုက်ပေမယ့် Seung Hwan ကတော့ တကယ်ထင်ပြီးအံ့ဩတဲ့ပုံစံဖြစ်နေသည်၊

TOXIC Opowieści tętniące życiem. Odkryj je teraz