EPISODE 3

169 31 13
                                    

" ကိုကို အဲ့တာဘာလုပ်နေတာလဲ "

" Jay "

" အဲ့တာဘာလုပ်နေတာလဲလို့ !!! "

" မင်းဘယ်လိုဖြစ်နေတာလဲ ‌အသံကိုလျော့ပြောစမ်း လူတွေ ဝိုင်းကြည့်နေပြီ "

ဘယ်နားကနေရောက်လာမှန်းမသိဘဲ လူကြားထဲမှာ ဇွတ်အတင်းအော်နေသော ဒီအိမ်ကပေါက်စကြောင့် Jongwoo တော်တော်လေးစိတ်ရှုတ်သွားရသည်၊ Seung Hwan ချိန်းပေးတဲ့ ကောင်မလေးနဲ့ Blind Date လုပ်နေမှအချိန်ကိုက်ရောက်လာရတယ်လို့၊

ခုလိုမျိုး ကိုကို့ကို တခြားတစ်ယောက်နဲ့အတူတူတွဲမြင်လိုက်ရတော့ Jayတကယ်ဒေါသထွက်သွားရတယ်၊ သူငယ်ချင်းတွေနဲ့ အပြင်ကိုထွက်လာခါမှကိုကိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရတယ်လို့၊ လာခေါ်ပေးသော သူငယ်ချင်းကို Jay စိတ်ထဲကနေ ကျေးဇူးတင်မိသွားသည်၊သူသာလာမခေါ်ရင်ကိုကို့ကို ဒီလိုမျိုးတွေ့မှာ မဟုတ်၊

" အဲ့တာဘယ်သူလဲ Oppa  "

" Oppa !? ဒီမှာ အဲ့ဒီဘက်က ကိုကို့ကို Oppa လို့ခေါ်လိုက်တာလား "

" Jay မင်းပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်လေးနေပေးပါကွာ "

" ဘာလို့ ကျွန်တော်က ပါးစပ်ပိတ်ရမှာလဲ "

ဒီနေ့မှ တစ်ခွန်းမခံကပ်ကပ်လန်အောင် ပြန်ပြောနေသော Jay ကြောင့် Jongwoo တကယ်ခေါင်းမီးတောက်တော့မည်၊ဘာလို့ဒီလောက်ပြောရခက်နေတာလဲ ဒီကလေးကတော့

" Yuri ဒါကိုယ့်ညီလေးပါ Jay လို့ခေါ်တယ် "

Yuri ကို Jongwoo အမြန်ရှင်းပြလိုက်တော့သည်၊

" အော် Oppa ရဲ့ညီလေးလား ချစ်စရာလေးပဲ "

" ထိုင်လေ မောင်လေး Noona က ဝယ်‌ကျွေးမယ် ကြိုက်တာစားလို့ရတယ်နော် "

သူ့ညီလေးလို့ပြောလိုက်တာနဲ့ Yuri ကချိုချိုသာသာနဲ့ ပြောဆိုဆက်ဆံပေးတယ်၊ အဆင်ပြေတဲ့ မိန်းကလေးပဲလို့ Jongwooသတ်မှတ်လိုက်သည်၊ Yuri က ပြဿနာမဟုတ်ပေမယ့်တကယ့်ပြဿနာက ခုမှစတာပဲ၊

" ဘာမှ မစားဘူး အိမ်ပြန်မယ် ကိုကို "

" မင်းဘယ်သူတွေနဲ့လာတာလဲ "

TOXIC Onde histórias criam vida. Descubra agora