နှလုံးအထူးကုသဆောင်တွင် နှလုံးအထူးကုဆရာဝန် အလင်းသစ်မှူး အရေးပေါ်လူနာအား စမ်းသပ်ကုသပေးနေသည်။
နှလုံးရောဂါအခံမရှိပေမယ့် ရုတ်တရက်နှလုံးအောင့်တာဖြစ်ပြီး ခွဲစိတ်မှုမလုပ်ရပေမယ့် သေချာကုသပေးနေရသည်။
အချိန် တစ်နာရီလောက်ယူအပြီးမှာ ကုသမှုပြီးစီးသွားပြီဖြစ်သည်။
"မကေသီသာဦးရဲ့ လူနာရှင်ရှိပါသလားရှင်"
ဘေးက လက်ထောက်ဆရာဝန်မလေးက မေးလိုက်တော့ လူနာရှင်က အနားရောက်လာသည်။
"ဆရာပြောတာကို နာလည်လား...အရေးကြီးဆုံးက ဘာလဲဆိုတာသိထားပါ "
"ဟုတ်ကဲ့ ဆရာ"
မင်းမုန်းရဲ အရှေ့ကဆရာဝန်ကို ကြည့်နေလိုက်သည်။ သူကိုမမြင်သေးဘဲ ဘေးကဆရာဝန်ပေါက်စတွေကို ပြောနေတာဖြစ်သည်။
"ဆရာ ဒါလူနာရှင်ပါ"
"ဟင်..."
အလင်းသစ်မှူး ရှေ့ကလူကိုမြင်ပြီး အနည်းငယ်လန့်သွားမိသည်။
"ဆရာ..ဆရာ"
ကြောင်ကြည့်နေမိတုန်းမှာ ဘေးကဆရာဝန်မလေးအသံပေးမှ သတိဝင်လာတော့သည်။
"အခြေနေဘလိုရှိလဲ"
"ဗျာ...ဟို...လူ..လူနာက"
သြရှရှအသံနဲ့ မေးလာသောသူကြောင့် အလင်းသစ်မှူး အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေမိသည်။ တခြားသူတွေနဲ့ဆို အရောတဝင်သိပ်မနေပေမယ့် အခုလိုဖြစ်မနေပါ။
သူနဲ့ကြမှ လူကသူ့အကြည့်တွေကို ရင်မဆိုင်ရဲသလို သူ့အသံကြားရင် ရင်တွေတုန်ပြီး အသံတောင် မထွက်ရဲလောက်အောင်ဖြစ်ရသည်။
"ကျစ်..."
စိတ်မရှည်သိလိုဖြစ်တော့မှ အရှေ့က ဆရာဝန်က အသံထွက်လာသည်။
"ဟို...စိုးရိမ်စရာမရှိတော့ပါဘူး ဒါပေမယ့် ဟို...ဟိုလေ"
"ရပြီ သူဘာမှမဖြစ်ရင်ပြီးတာပဲ အခုတွေ့လို့ရပြီလားသူ့ကို"
"ဗျာ...အော်..ခနနေရင်သတိရလာတော့မှာပါ အခုတော့..ဟို သတိမရသေးပါဘူး"
"အင်း...သူသတိရလာရင် ကျုပ်ကိုပြောရော့ ဒါကျုပ်ဖုန်းနံပါတ် ခများဆက်ပြော"
YOU ARE READING
မောင့်အမုန်းတော်ခံ
Non-Fictionမောင့်ရက်စက်ခြင်းတွေနဲ့ နေသားကျအောင်ကြိုးစားနေထိုင်ပါ မောင့်အချစ် မောင်အမုန်းတရားတွေအပြည့်နဲ့ မင်းဘဝ အမြဲငိုကြွေးစေချင်လိုက်တာကလေးရာ