အပိုင်း ၂၈

1.9K 61 10
                                    

ဝင်ပေါက်က အဖြူရောင်အရိပ်လေး ပြေးထွက်သွားတာမြင်မှ မင်းမုန်းရဲ မမော်ကို လွှတ်ပေးလိုက်သည်။

"sorryမမော် မရည်ရွယ်ပါဘူး"

"ဟို မမော်က အဆင်ပြေပါတယ်...အမတစ်ခုလောက်ပြောလို့ရမလားဟင်"

"......"

"အမ မင်းကိုသဘောကျတယ်...အမကိုရော မင်းဘလိုသဘောထားလဲ မောင်လေး"

"ဒီမယ် မမော် ကျွန်တော်က အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ပါ...အဲ့တာကိုမမော်သိမယ်ထင်ပါတယ်"

"အမ သိပါတယ်"

"ဟုတ်ကဲ့ သိတယ်ဆို နောက်နောင်အလုပ်နဲ့ပတ်သက်တာပဲ ကျွန်တော်တို့ပြောကြရအောင်ပါ တခြားကိစ္စတွေမပါဝင်ပါစေနဲ့"

စာချုပ်ကိစ္စလည်းပြီးသွာပြီမို့ မင်းမုန်းရဲ့ သူရဲ့ဆိုင်ကယ် R6 အနက်ရောင်ဘီးကို မောင်းကာထွက်လာခဲ့လိုက်တော့သည်။

..........

"ရော့ အလင်း...ရေသောက်လိုက်အုန်းငါ့ညီ"

ကိုလတ် ကမ်းပေးသော ရေဘူးအားမော့သောက်လိုက်တော့မှ မောတာအနည်းငယ်သက်သာသွားသည်။

ကိုထွန်းမင်းလတ် ဆိုတာ မှူးရဲ့ စီနီယာအကိုဖြစ်ပြီး ရှားပါးလှသော မှူးရဲ့ မိတ်ဆွေဆိုလည်းမမှားပေ။

အပေါင်းသင်းရွေးသောမာမီက ကိုလတ်တို့ မိသားစုနဲ့ ရင်နှီးသဖြင့် ကိုလတ်နဲ့တော့ ပေါင်းသင်းစေသည်။

မာမီ့အကြောင်းတွေးမိပြန်တော့ မှူးမာမီ့ကိုအရမ်းသတိရမိပါသည်။

"ကျေးဇူး ကိုလတ်"

"ရပါတယ်ကွာ...အသက်ကိုဖြေးဖြေးရှူ"

ဆရာဝန်ပီသစွာပြောလာသော ကိုလတ်အပြောကြောင့် မှူးပြုံးလိုက်မိပါသေးသည်။

"ကိုလတ်"

"ပြောလေ ညီ"

"မာမီ နေကောင်းရဲ့လားဟင်...ကိုလတ်...ကျွန်တော် မာမီ့အပေါ်မကောင်းဘူးကိုလတ်ရယ်..."

ကိုလတ် သူ့အရှေ့က ကောင်လေးကို အပြုံနုနုကလေးနဲ့ တုန့်ပြန်လိုက်သည်။ အထက်တန်းလောက်တတည်းက သူတစ်ဖက်သက်ချစ်ခဲ့ရသော ကောင်လေးက အခုတော့သူများအပိုင်ဖြစ်နေလေပြီ။

မောင့်အမုန်းတော်ခံ Where stories live. Discover now