အပိုင်း ၂၇

1.6K 66 10
                                    

မှူး မောင်နဲ့အတူတူရှိနေတာ တစ်လကျော်နေပြီဖြစ်သည်။ နောက်ပိုင်းမှာ ညဘက်တွေဆို မောင်အိမ်ပြန်ချိန်များက နောက်ကျတက်သည်။ မှူးမေးကြည့်တော့ မောင်က "မောင်အလုပ်လုပ်နေရလို့ပါ"ဆိုပြီး ပြောပြန်သည်။

ဒီရက်တွေအတွင်း မှူးထမင်းဟင်းချက်သင်နေသည်။ မောင့်ကို မှူးကိုယ်တိုင်ချက်ကျွေးချင်တာဖြစ်သည်။

မာမီကလည်း မှူးကိုတချက်မှ ဆက်သွယ်မလုပ်ခဲ့...ထိုသို့တွေးမိပြန်တော့လည်း မှူး စိတ်မကောင်းဖြစ်ရပါသည်။

လမ်းထိပ်ဆိုင်က ဝယ်လာတဲ့ မုန့်ဟင်းခါးကို ပြင်ဆင်ပြီးတော့ မောင့်ကိုနှိုးဖို့ အပေါ်ထပ်တက်သွားလိုက်သည်။

မောင်ကအိပ်နေတာတောင် သိပ်ချောလွန်းပါသည်။

မှူး မောင့်အနားသွားကာ မောင့်ဘေးနားဝင်ထိုင်လိုက်ပြီး...နှဖူးလေးကို အရင်နမ်းလိုက်သည်။

"မောင်....မောင်ရေ..ထတော့လေ.."

"မောင်လို့..ထတော့ဆို...ငါမနက်စာပြင်ထားပြီးပြီ"

လက်မောင်းကို ကိုင်လှုပ်တော့မှာ တအင်းအင်း အသံပြုကာတဘက်လှည့်သွားသည်။

"မောင်ထခဲ့တော့နော်...ငါအောက်မှာ စောင့်နေမယ်"

"အင်း..အင်း"

မှူး အခန်းတံခါးကို အသာပိတ်ကာ တံခါးကိုမှီပြီး ရပ်နေလိုက်သည်။

အရင်ကဆို မနက်တိုင်းမှူးက အတင်းထရင်တောင် မောင်က အတင်းလိုက်ဖက်ကာ ရင်ခွင်ထဲဖက်ထားပေးပြီး မှူးမျက်နှာ အနှံ့တမွမွနမ်းသည်။

မှူးအရင်ထတဲ့ နေ့တွေဆိုလည်း သူ့ကိုလာနှိုးရင်လည်း လူကိုအတင်းဆွဲနမ်းသည်။ ရေချိုးမျက်နှာသစ်တာကအစ မှူးကရှိနေပေးရသေးသည်။ မောင်သိပ်ဂျီကျလွန်းပါသည်။

အဲ့အကြောင်းလေးတွေ ပြန်တွေးမိတော့ မှူးကြည်နူးမှု့နဲ့အတူ ပြုံးမိသည်။

"ချစ်တယ်မောင်...ငါကလေ..မောင်ဘယ်လိုနေနေချစ်ပြီးသားမို့...မောင်ဆိုးနေရင်လည်း ငါချစ်နေမှာပါဘဲ"

အောက်ထပ်ရောက်တော့.ဟင်းရည်တွေကို ပြန်နွှေးနေလိုက်သည်။ မောင်က အစားအစာဆို ပူပူနွေးနွေးမှ ကြိုက်တာမို့။

မောင့်အမုန်းတော်ခံ Where stories live. Discover now