"ရော့..ခများအတွက်"
"အင်း..ကျေးဇူး"
မယူလည်းအတင်းပေးမှာမို့ အသာတကြည်သာယူလိုက်သည်။
"စိတ်ဆိုးနေတာလား "
"ဟင့်အင်း"
နှစ်ယောက်လုံးတိတ်စိတ်နေကြသည်။ မင်းမုန်းရဲ အလင်းသစ်မှုး ပခုံးလေးအား အသာလေးဆွဲညှစ်လိုက်သည်။
"ပြန်ချစ်ပေးပါ"
"အကို အစကတည်းက ပြောပြီးသားပဲလေ..မဖြစ်နိုင်ပါဘူးလို့"
"မဖြစ်နိုင်ဘူးဆိုတာ မချစ်နိုင်ဘူးလို့ပြောတာမှမဟုတ်တာ...မောင့်ကိုချစ်တယ်မှလား"
မပြောပါနဲ့ ထပ်ပြီးငါ့ကို မင်းအပေါ်ယိမ်းယိုင်လာအောင်မလုပ်ပါနဲ့တော့လား!
အလင်းသစ်မှူး မင်းမုန်းရဲလက်အား ပုတ်ချလိုက်သည်။
"ငါ မင်းကို..မချစ်ဘူး"
စိတ်တင်းကာ ပြောလိုက်ပေမယ့် အလင်းသစ်မှုး အသံလေးက အဖျားခတ်တုန်ယင်သွားသည်။
"အဟက် ညာတယ်...ခများညာနေတာ"
"ငါ...ငါမင်းကို ညာစရာအကြောင်းမရှိဘူး"
"ကျစ်...ခများရာ ဘာလို့လဲ"
"ငါတို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ရှေ့ဆက်မတိုးပါနဲ့တော်ကောင်လေး ငါ့အသက်အရွယ် ငါ့သိက္ခာ အဲ့တာတွေကို မင်းငဲ့ကွက်ပေးပါ ပြီးတော့ငါ့အမေက ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူး"
"နားမလည်ဘူး.. ကျုပ်နားမလည်ဘူး သိလည်းမသိဘူး ခများကိုချစ်တာပဲသိတယ်..."
"......."
"ပြီးတော့ ကျုပ်လိုကောင်က ဘာမှဂရုစိုက်မနေဘူး...ခများတစ်ယောက်ထဲကိုပဲဂရုစိုက်လို့ အခုလိုတွေလုပ်နေတာ ...ခများအပေါ်ပြုမူခဲ့သလို ဘယ်ကောင် ဘယ်ကောင်မကိုမှ မလုပ်ခဲ့ဘူးသိလား ခများကိုချစ်လွန်းလို့ ခများပြန်ချစ်တာကိုခံချင်လွန်းလို့ ဒီလောက်စောင့်ပေးပြီးစိတ်ရှည်နေတာ အရင်ကလိုစိတ်နဲ့ဆို ချုပ်လိုး ပြီးနေပြီ"
"မင်း...အွန့်"
အလင်းသစ်မှူးအား အတင်းဖိကပ်နမ်းလိုက်သောသူကြောင့် လက်ထဲက မုန့်ထုပ်များ လွှတ်ကျသွားသည်။
YOU ARE READING
မောင့်အမုန်းတော်ခံ
Non-Fictionမောင့်ရက်စက်ခြင်းတွေနဲ့ နေသားကျအောင်ကြိုးစားနေထိုင်ပါ မောင့်အချစ် မောင်အမုန်းတရားတွေအပြည့်နဲ့ မင်းဘဝ အမြဲငိုကြွေးစေချင်လိုက်တာကလေးရာ