တနေ့နေ့တော့ ချစ်၍လာလိမ့်မည်(Part-1)

3K 104 4
                                    

~အချစ်ဆိုတာ တကယ်ရှိလား။
ကိုယ်ပေးတိုင်းရော ပြန်ရတတ်လား။
ငါတီချယ့်ကို ပေးနေမိတဲ့ ၅၂၈ မဟုတ်တဲ့ အချစ်တွေက အချစ်စစ်လို့ခေါ်ထိုက်လား။~

*ဒီစာလေးကို ရေးမိတိုင်း အတွေးတွေက လွန်ခဲ့တဲ့၁၀နှစ်စီကို ပြန်ပြန်ခေါ်သွားတယ်...နာကျင်စရာ အမှတ်တရတွေပြည့်နေတဲ့ အတိတ်ကိုပေါ့။*
_________

သခ်ျာအိမ်စာပေးလိုက်သည်ကို မေ့နေသဖြင့် ဧကတစ်ယောက် အသည်းအသန်ကုန်းရေးနေသည်။

'ဧကလွန်းစစ်မောင်...ဧကလွန်းစစ်မောင်...'

'ဧက ဧက မင်းကိုဆရာမခေါ်နေတယ်'

'ဗျ...ဗျာ'

'ငါခေါ်တာတောင် မကြားရအောင် နင်ဘာတွေရေးနေတာလည်း'

'ဘာ...ဘာမှမရေးပါဘူး'

'နင်ကုန်းရေးနေတာလေ စာသင်တာ အနှောက်အယှက်အရမ်းဖြစ်တယ် သွား အခန်းပြင်ထွက် ဒူးထောက် လက်မြောက်ထား'

ဧကလည်း အခန်းပြင်ထွက်လာကာ ဒူးထောက်လက်မြှောက်နေလိုက်သည်။

ထိုအချိန် ဧကရှေ့သို့ Bioဆရာမနှင့်အတူ ဆရာမတစ်ယောက်လမ်းလျှောက်လာသည်။

ထိုဆရာမမှာ အလွန်ပင်လှသည်။ လှိုင်းထနေတဲ့ ဆံနွယ်လေးတွေ။ အညိုရောင်မျက်ဝန်းလေးတွေ။ နှုတ်ခမ်းဖူးဖူးလေးတွေ။ ညာဘက်ပါးပေါ်က မထင်မရှားပါးချိုင့်လေးတွေ။ မေးစေ့နားက မှည့်လေးတွေ။ အို အားလုံးပါဘဲ။ ‌ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုသည်မှာ ထိုဆရာမရဲ့ လမ်းလျှောက်ပုံလေးကို တင်စားထားသလား မှတ်ရသည်။

'ဧက အပြစ်ပေးခံရပြန်ပြီလား'

'ဟီး ဟုတ်ဆရာမ'

'နင်လည်း မိန်းကလေးဖြစ်နေလို့သာဘဲ'

ဟုဆိုကာ အတန်းထဲဝင်သွားသည်။ အတန်းထဲက Cheဆရာမက ထွက်လာပြီး

'ဝင်တော့ နောက်ခါကြ ဒီ့ထက်ပိုဆိုးမယ်မှတ်'

'ဟုတ်'

ဟုဆိုကာ ဧက အတန်းထဲဝင်လာသည်။

'အားလုံး နားထောင်ကြ ဒါက မင်းတို့ရဲ့ English ဆရာမအသစ် နာမည်က ဒေါ်အိရွှေစင်သန့် ဟုတ်ပြီလား။ ဆရာမစကားကို နား‌ထောင် မဆိုးနဲ့ ကြားလား အထူးသဖြင့် ဧက နင်ကျပ်ကျပ်သတိထားနော်'

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်Where stories live. Discover now