တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(part-5)

1K 66 8
                                    

ညနေကျောင်းဆင်းတော့ ဧက တီချယ့်ကို ကျောင်းရှေ့တွင် စောင့်နေသည်။

'ငါတို့ သွားပြီနော် ဧက'

'အေး သွား'

ဆရာမတွေ အစည်းအဝေးရှိသည်ဟု ဧကကြားသည် တီချယ် ဒီနေ့နောက်ကြမည်ထင်သည်။

ခဏကြာတော့ ဆရာမတွေ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြသည်။

'ဧက နင်မပြန်သေးဘူးလား'
သင်္ချာဆရာမက ထွက်လာတော့ ဧကကိုမြင်သွားသဖြင့် မေးလိုက်သည်။

'ကျနော် တီချယ်အိကိုစောင့်နေတာဗျ'

'အော် အေး အေး' ဟုဆိုကာ ထွက်သွားသည်။

ခဏကြာသည်အထိ တီချယ် ထွက်မလာပေ။
မိုးတွေကလည်း အုံ့မှိုင်းကာ လေပြင်းများလည်းတိုက်လာသည်။ ဧကတွင် ထီးလည်းမပါလာပေ။ ဒီပုံစံဆို မိုးရေချိုးရတော့မည်။

ဧက တွေးနေရင်းပင် တီချယ်ထွက်လာသည်။
တီချယ် ကျောင်းဂိတ်ဝကို ရောက်သည်နှင့်ပင် မိုးက သည်းကြီးမည်းကြီးရွာချလေတော့သည်။

'တီချယ် ထီးပါလား'

'မပါဘူး မင်းပါမယ်ထင်ထားတာ'

'ကျနော်လည်း မပါဘူး'

'ဟင် ဘလိုလုပ်မလဲ အဲ့တာဆို'

'ဆိုင်ကယ်နဲ့ဘဲ မြန်မြန်မောင်းလိုက်မယ်'

'အင်း'

ဧကဆိုင်ကယ်ကို တတ်နိုင်သမျှ အရှိန်တင်ပြီး မောင်းသော်လည်း ဧကတို့ ရက်ကွက်ထိပ်ရောက်သည်နှင့် ရေကြီးနေသဖြင့် ဆိုင်ကယ် ဆက်မောင်း၍မရတော့ပေ။ ဆင်း၍ တွန်းရပေတော့သည်။

'တီချယ် ဒီကနေ ဆင်းတွန်းမှ ဘဲရတော့မယ်'

'ဟင် တွန်းရမှာလား'

'တစ်နည်းတော့ရှိတယ်'

'ဘာလဲ'

'ဟိုနားက ဦးတုတ်ကြီး ကွမ်းယာဆိုင်မှာ ထားခဲ့ပြီး နောက်နေ့မှ လာယူမှရမယ်ဗျ'

'မင်းသဘော ဘလိုလုပ်ချင်လဲ'

'ထားခဲ့မယ်ဗျာ အိမ်က အဝေးကြီးလိုသေးတယ် ဒီကောင်ကို တွန်းသွားရမှာ အဆင်မပြေဘူး'

'အင်း ပြီးရော'

သည်လိုနှင့် ဦးတုတ်ကြီး ဆိုင်တွင် ဆိုင်ကယ်ထားခဲ့ကာ လမ်းလျှောက်ပြန်လာကြသည်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်Where stories live. Discover now