တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(Part-3)

1.1K 75 0
                                    

ဧက ခေါင်း၂ချက်ချုပ်လိုက်သည်။ ဒီတစ်ညတော့ ဆေးရုံမှာ အခြေအနေစောင့်ကြည့်ပြီး နောက်နေ့ကျ သက်သာလျှင်ဆေးရုံပေးဆင်းမည်ဟုပြောသည်။

*အချိန်ကား ည၇နာရီဝန်းကျင်ရှိပြီ ဧကက အခုထိတော့ သတိမရလာသေးပေ။ မခင်နှင့် မမျိုးတို့မှာ အိမ်ပြန်ပြီး လိုအပ်သည်များ သွားယူနေသည်။

အိထိုကလေးငယ် သတိမရလာမှာကိုပင် စိုးရိမ်နေမိသည်။ ထိုကလေးငယ်၏ လက်ကလေးများကို ဆုပ်ကိုင်ထားမိသည်။ အိထိုကလေးပေါ်တွေ ၅၂၈ထက်ပိုသော ခံစားချက်များ ရှိနေသလား။ ဒါပေမယ့် သူနဲ့ အိတွေ့တာမှ ၂ရက်ဘဲရှိသေးတယ်။

ပထမဆုံး စတွေ့တဲ့နေ့ကတည်းက သူကိုအိအတွေးတွေထဲက မထုတ်နိုင်အောင်ဖြစ်ခဲ့ရသည်။ သူနှင့် အတူ ဆိုင်ကယ်စီးရလျှင်ပျော်သည်။ ဒါ...ဒါ မြင်မြင်ချင်း အချစ်များလား။ အိရဲ့ အိပ်စက်နေတဲ့ နှလုံးသားကို သူလာနှိုးဆွသွားတာလား။ မဖြစ်နိုင်ပါဘူးလေ သူက အိတပည့်တစ်ယောက်ဘဲဟာကို....*

အိအတွေးလွန်နေချိန် လွန်းစစ်၏ လက်များလှုပ်လာကာ လေးလံနေသော မျက်ခွံများ တဖြည်းဖြည်းပွင့်လာသည်။

'လွန်းစစ်...လွန်းစစ် မင်းသတိရပြီလား နေအုန်း တို့ဆရာဝန်သွားခေါ်အုန်းမယ်'ဟုဆိုကာ ဆရာဝန်အား အပြေးသွားခေါ်လေသည်။

ဆရာဝန်က မနက်ဖြန် အခြေအနေကောင်းလျှင်ဆင်းလို့ရပြီဟု ဆိုသည်။

ဆရာဝန်ကြီးထွက်သွားပြီးနောက် တီချယ်က ဧကနားက ခုံမှာထိုင်လိုက်သည်။ ဧကလည်း ထထိုင်ဖို့လုပ်တော့ တီချယ်က ကူညီပေးသည်။

'လွန်းစစ် သက်သာရဲ့လား...ခေါင်းကောမူးနေသေးလား....ဘာစားချင်လည်း တီချယ်ဝယ်ပေးမယ်လေ'

'တီချယ်ရယ် ဖြေးဖြေးမေးပါ'

'အေးပါ တီချယ် လောသွားလို့'

'တီချယ်'

'အင်း'

'ဧက ‌တောင်းပန်ပါတယ်နော်'

'ဘာကိုလဲ'

'တီချယ် ရန်မဖြစ်ရဘူးလို့ ပြောထားတာ ရန်ဖြစ်မိလို့'

'အော်'

'ဧက တောင်းပန်ပါတယ်နော် တီချယ် စိတ်မဆိုးဘူးမလားဟင်'

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်Where stories live. Discover now