ညနေရောက်တော့ ဧကလည်း လွယ်အိတ်နှင့် ဂစ်တာယူပြီး တီချယ့် အိမ်ဘက်သို့ဦးတည်လိုက်သည်။
'ဧက ဘယ်သွားမလို့လဲ'
'တီချယ့်အိမ်'
'ဘာသွားလုပ်မလို့လဲ'
'နားမလည်တဲ့စာတွေ ပြန်သင်ပေးမယ်တဲ့ တီချယ်က'
'အော် အေး အေး'
'သွားပြီ မမ အန်တီလေးနဲ့ အန်တီကြီးကို မမဘဲပြောလိုက်တော့နော်'
'အွန်း'
ဧကလည်း အိမ်ထဲကအမြန်ထွက်လာကာ တီချယ့်အိမ်စီသို့ အပြေးလေးသွားလိုက်မိသည်။
*တင်း..တောင်..*
'လွန်းစစ် လာပြီလား'
'ဟုတ် တီချယ်'
'လာ လာ အထဲဝင်ခဲ့'
'ဟုတ်'
အထဲရောက်ဝောာ့ ဧကကို ဧည့်ခန်းမှာ ထိုင်ခိုင်းပြီး တီချယ်က မီးဖိုခန်းထဲဝင်သွားသည်။
အတန်ကြာတော့ တစ်အိမ်လုံး မီးခိုးတွေ လုံးလာသည်။ တီချယ်က ဆံပင်တွေရှုပ်ပွကာ ချွေးပေါက်ချွေးစက်လေးတွေနဲ့အတူ မျက်နှာတွင်လည်း အိုးမဲများပေနေပြီး မီးဖိုခန်းထဲက ထွက်လာသည်။
'တီချယ် ဘယ်လိုဖြစ်လာတာလဲ'
'မီးမွှေးတာ မွှေးမရလို့'
'လာ လာ ဧက လုပ်ပေးမယ်'
'အွန်း'
'ဟူးးးးးတကယ့်ကလေးပါလား'
'လုပ်လိုက်လို့ ကလေးဖြစ်သွားအုန်းမယ်'
'ကလေးမဟုတ်ဘူးလား'
'လူကြီးလေ မင်းထက်အများကြီးကြီးတယ်'
'အော် မသိပါဘူး ကလေးထင်နေတာ
ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်ပါအုန်း ဒေါ်အိရွှေစင်သန့်ရေ တကယ်ကို ကလေးနဲ့ တူနေတာ''ဒီကောင်မလေး ပြောလေကဲလေ'
'ဘလာ ဘလာ'
'တော်ပြီ မီးဖိုလုပ်ပေးတော့'
ဧကလည်း မီးမွှေးပေးလိုက်ပြီး ဟင်းအိုးပါတစ်ခါတည်းတည်ပေးလိုက်သည်။
'ဟင်းက gasမီးဖိုနဲ့ ချက်လည်း ရတာဘဲကို ဘာလို့ မီးမွှေးနေရတာတုန်း'
YOU ARE READING
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်