'လွန်းစစ် လွန်းစစ် တံခါးဖွင့်ပါအုန်း'
'.....'
'လွန်းစစ် တီချယ့်ကို တံခါးဖွင့်ပေးပါကွာ လွန်းစစ်'
'.....'
'လွန်းစစ် သမီးငိုချင်ရင် တီချယ့်ရင်ခွင်ထဲမှာငို သမီးတစ်ယောက်တည်း ကြိတ်ငိုမနေနဲ့ တီချယ့်ရင်ခွင်ကို သမီးအပိုင်သိမ်းထားလို့ရတယ် တံခါးလေးတော့ဖွင့်ပေးပါနော် နော် လွန်းစစ်'
လွန်းစစ်က တံခါးဖွင့်လိုက်ပြီး အိရင်ခွင်ထဲကို ခေါင်းထိုးကာ ငိုနေသည်။ အိမှာ ပြောစရာ စကားနတ္ထိပင်။ ထိုကလေးကျောလေးကို ပွတ်ပေးကာ အိပါမျက်ရည်ဝဲမိသည်။ ထိုကလေး၏ ခံစားချက်ကို အိကောင်းကောင်းနားလည်သည်။
'တော်ပြီ လွန်းစစ် မင်းထက်မငိုနဲ့တော့ ကိုယ့်အတွက်မဟုတ်တဲ့ သူအတွက် ဘယ်တော့မှ မျက်ရည်မကျနဲ့'
'အဟင့်...အဟင့်...ဟုတ်'
'မင်းခေါင်းကိုက်လိမ့်မယ် တော်တော့'
'ဟုတ်ကဲ့'
လွန်းစစ် အငိုတိတ်သွားသည်။ နှစ်ယောက်လုံး ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။
'နာကျင်တယ်မလား'
'ဗျာ'
'ရင်ထဲမှာလေ'
'ဟုတ်'
'ကိုယ့်အတွက် မဟုတ်တဲ့ သူအတွက် မျက်ရည်ကျမိရင် အဲ့လိုဖြစ်တတ်တယ် မှတ်ထား ကိုယ့်အတွက်မဟုတ်တဲ့ သူတစ်ယောက်အတွက်နဲ့ ဘယ်သောအခါမှ မျက်ရည်မကျမိစေနဲ့ '
'ဟုတ် ဧကမှတ်ထားပါ့မယ်'
____________
'ဧကရော အိ'
'အိပ်သွားပြီ အမ'
'သူလည်း အိကို သိပ်ခင်တွယ်ရှာတာဘဲ'
'ဟုတ်တယ် အမ'
'နောက်အပတ်ကြရင် ဧကမွေးနေ့ရှိတယ် နှစ်ယောက် ဘုရားသွားကြပါလား အမတို့က အဲ့နေ့မအားလို့ ကျောင်းက သင်တန်းထည့်ထားတယ်လေ စိတ်ညစ်တယ်'
'အင်း သွားလိုက်မယ် အမ'
'ကျေးဇူးပါအိရယ်'
'ရပါတယ် အမတို့ရယ်'
___________
ဒီနေ့ ဧကမွေးနေ့။ အိမ်မှာ ဘယ်သူမှ မရှိကြဘူး။ အန်တီကြီးရော အန်တီလေးရော သင်တန်းရှိလို့ဆိုပြီး ထွက်သွားကြသည်။ ဧကကိုတော့ မမေ့မလျော့ မွေးနေ့ဆုတောင်းပေးသွားကြသေးသည်။
YOU ARE READING
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်