တီ...တီ...တီ...
နာရီ အလန်းသံကြောင့် အိလန့်နိုးလာခဲ့သည်။ အိရင်ခွင်ထဲတွင် လွန်းစစ်က ခွေခွေကလေးအိပ်နေသည်။
ထို့နောက် အိလွန်းစစ်ကို အသာဖယ်ကာ အိပ်နေရာမှ ထလိုက်သည်။ ထိုအချိန်မှ အိသတိထားမိသည်က လွန်းစစ်ရော အိတွင်ပါ အဝတ်အစားများမရှိသည်ကိုပင်။
'မဟုတ်လောက်ပါဘူးလေ'
ဟု အိတစ်ကိုယ်တည်းရွတ်မိသည်။ ထိုသို့ရွတ်ပြီးနောက်မှ မနေ့ညက အကြောင်းအရာများသည် ခေါင်းထဲသို့ တန်းစီကာ ဝင်လာသည်။ အိချက်ချင်းပင် အဝတ်များ ကောက်ဝတ်မိသည်။
'အင်းးး'
ထိုအချိန် လွန်းစစ်စီမှ အသံထွက်လာသည်။
'တီချယ် နိုးနေပြီလား'
တီချယ်က ခေါင်းညိမ့်ပြသည်။
'အား ခါးနာလိုက်တာ'
'ဟင် ခါးက ဘာလို့နာတာလဲ'
'တီချယ့်ကြောင့်လေ
သူများတကာကို အနိုင်ကျင့်ပြီး''ဆောတီးပါကွယ် တီချယ် ညက သောက်တာများသွားပြီး မလုပ်သင့်တာတွေ လုပ်ခဲ့မိတယ်'
'ထားလိုက်ပါတီချယ်ရယ် ရပါတယ်
ဧကရဲ့ လူပျိုရည်ကို တီချယ့်ကို ပေးလိုက်တယ်လို့ဘဲ သဘောထားလိုက်ပါတယ်''အပျိုရည်လောက်တော့လုပ်ပါ အမတော်ရဲ့
အင်းပါလေ တီချယ် တကယ်တောင်းပန်ပါတယ် ကလေးရယ်''မလိုပါဘူးဗျာ'
'ထားပါတော့ မျက်နှာသွားသစ်မယ် အင်္ကျီဝတ် သူ့ခြင်ကိုက်ဖုလေးကိုလာပြနေတယ်'
'ဟာ တီချယ်ကလည်းဗျာ'
တီချယ်က လျှာထုတ်ပြကာ ရေချိုးခန်းထဲဝင်သွားသည်။ တီချယ်နှင့်အတူ သွားတိုက်ကာ မျက်နှာသစ်ကြသည်။
ထို့နောက် တီချယ်က ထမင်းကြော်ဖို့ပြင်နေသည်။
'တီချယ် ဧက ဘာကူလုပ်ပေးရမလဲ'
'ဘာမှမလုပ်ဘဲ ဟိုခုံလေးမှာ ငြိမ်ငြိမ်လေးထိုင်နေ'
ဟုဆိုကာ မီးဖိုခန်းထဲရှိ ထမင်းစားပွဲက ခုံလေးကို ညွှန်ပြသည်။
YOU ARE READING
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်