2.6

3.9K 255 3
                                    

နန်းတော်ထဲရောက်တော့........ ညီလာခံကိုထွက်လာလိုက်တယ် ညီလာခံ အခန်းရှေ့

"ဖုန်းသမားတော်တို့သားအဖ‌ ရောက်ရှိလာပါပြီ"
နန်းဆောင်‌‌စောင့်မိန်းမဆိုးရဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လာတယ်

ညီလာခံ ကျင်းပနေကြတယ်ထင်ပါရဲ့ အမတ်တွေက ရပ်ပြီး မင်းကြီးကို တိုင်းပြည်ရေးရာတွေကို တိုင်ကြားနေကြသည်

အမတ်တွေရဲ့ဆူညံသံက စိတ်ရှုပ်စရာဘဲ ဟိုတစ်သံ ဒီတစ်သံနဲ့ ဟိုဘက်ဒီဘက် အချင်းချင်း ရွဲ့ပြော စောင်းမြောင်း သံတွေပါကြားနေရသည်

ဖုန်းလန်တို့သားအဖလည်း မင်းကြီးရှေ့ရောက်တော့ လက်နှစ်ဖက်ကို တစ်ဖက်ပေါ်တစ်ဖက်ထပ်ရင်း ခါးကို ၉၀° ကုန်းကာ

"မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"³

"ထကြပါ "

ဖုန်းလန်တို့သားအဖလည်း အမတ်တွေကြားထဲ ဝင်ရပ်နေလိုက်သည် နောက်တော့ညီလာခံကိုဆက်ကျင်းပနေကြသည်

ညီလာခံကျင်းပပြီးချိန်......ဖုန်းလန်အရင်ထွက်လာပြီ အိမ်ရှေ့စံကိုရှာ‌နေလိုက်တယ်
'ချစ်ရိပ် ငါ့ကိုအိမ်ရှေ့စံဘယ်မှာလဲ ရှာပေးပါအုံး'
'တည့်တည့်ဆက်သွား အဲ့မှာ ဥယျာဉ်တခုရှိတယ် အဲ့မှာထိုင်နေတယ်'
' thanks'

ဖုန်းလန်လည်း ချစ်ရိပ်ပြောတဲ့အတိုင်းဆက်သွားတော့ ဥယျာဉ် တခုမှာ ဖုန်းရှီးဝေနဲ့ထိုင်နေတဲ့အိမ်ရှေ့စံကို တွေ့လိုက်တယ်

"အိမ်ရှေ့စံကို ဂါရဝပြုပါတယ်"
"သက်သာသလိုနေပါ ဘာအကြောင်းများရှိလို့ကိုယ်တော်စီလာရပါသလဲ"
"ကျနော်မျိုးက ဖုန်းလန်ပါ ဖုန်းသမားတော်ရဲ့သားပါ ပြီးတော့ အိမ်ရှေ့စံမိဖုရားရဲ့သူငယ်ချင်းပါ"
"အော် မိဖုရားရဲ့ သူငယ်ချင်းကို "
"အိမ်ရှေ့စံ မြှားအဆိပ်မိတာသက်သာလာပြီလား "
" ကိုယ်တော်မိဖုရားကုသပေးလို့သက်သာလာပါပြီ"
"ဟမ်....မိဖုရားကဆေးပညာသိတာလား"
" သိလို့ကိုယ်တော်သက်သာလာတာပေါ့"
"ဗျာ အိမ်ရှေ့စံကို ကုသပေးတာကျနော်ပါ မယုံရင် ရဲမက်တွေကို မေးမြန်းကြည့်လို့ရပါတယ် ဟိုကျနော်က ဆုတော်တွေလိုချင်လို့ပြောပြတာမဟုပါဘူး နောင်အခါများမတော်တဆအဆိပ်မိရင် မိဖုရားက မကုသပေးနိုင်မှာ စိုးရွံ့မိလို့ပါ "

system 810 (Complete)Where stories live. Discover now